Chapter2

833 54 0
                                    

Zawgyi

ရှစ်ချင်းအတွက်​ "Systemဖြစ်​​စေရန်​ အမြန်​ဆုံးလမ်းညွှန်​နည်း" ကို အစကအဆုံးထိဖတ်​ဖို့ အချိန်​​တော်​​တော်​ကြာပါတယ်​ သူ့ရဲ့ နတ်​ဘုရားလိုစာဖတ်​မြန်​တာကိုပဲ ​ကျေးဇူးတင်​ရမယ်​ စာအုပ်​ရဲ့အထူက ခန်းရှီdictionary​လောက်​ရှိတယ်

ကံ​ဆိုးစွာနဲ့ ရှစ်ချင်းမှာ အရာရာကိုမှတ်​မိနိုင်​တဲ့ ကင်​မရာတလုံးလို saveထားနိုင်​တဲ့ မှတ်​ဉာဏ်​မျိုးမရှိဘူး အဲဒါ​ကြောင့်​ သူက အခုမြင်​လိုက်​ရတဲ့အချက်​အလက်​​တွေ အကုန်​လုံးကို နားလည်​ပြီး မှတ်​မိဖို့က​တော့ ဝါးတားတားပဲ
"ဒါကမဖြစ်​နိုင်​လိုက်​တာ"

ရှစ်ချင်းက သူ့အ​ခြေအ​နေကိုပိုပြီး ​လေ့လာပြီးသွားတဲ့အခါ သူဟာအနည်းငယ်​စိတ်​ဓာတ်​ကျသလို ခံစားလိုက်​ရတယ်

ဒီsystemက တကယ့်​ကိုအံ့အားသင့်​စရာ​ကောင်းတယ်​ ဒီဟာက အရမ်းရိုးရှင်းတဲ့ ​ထောင်​​ပေါင်းများစွာ​သောအရာ​တွေကို လွှမ်းခြုံထားတယ်​ (ဥပမာ-မင်းရဲ့ဗိုက်​ကိုဖြည့်​ဖို့အစာ​တွေရတာတို့) ဒီစွမ်းအား​တွေနဲ့ ​ကောင်းကင်​ဘုံကို​တောင်​ စိန်​​ခေါ် နိုင်​တယ်

ဒီsystemမှာ မ​ရေမတွက်​နိုင်​တဲ့ ကိရိယာတန်​ဆာပလာ​တွေ အ​သေးစားပစ္စည်းကိရိယာ​တွေ
အရုပ်​​တွေရှိတယ်​ ဒီဟာ​တွေအကုန်​လုံးက အရမ်းမိုက်​တယ်​ သူက ဒီကမ္ဘာမှာ ဘာမှမရှိရင်​​တောင်​ အကုန်​လုံးကို စိုးမိုးနိုင်​တဲ့ အရည်​အ​သွေးမြင့်​တဲ့ masterဖြစ်​နိုင်​တယ်

အဲ့တာက အဲ့လိုပါပဲ ရှစ်ချင်းက​တော့
တစ်​ခု​လေးကိုပဲ မခံမရပ်​နိုင်​ဖြစ်​မိတယ်​ "ဘာလို့ သူက လူမဟုတ်​ရတာလဲ"

Guideစာအုပ်​​လေးက​တော့ ထုံးတမ်းစဉ်​လာအတိုင်း နေရာ​ပေါင်းများစွာကို ကြည်​ကြည်​လင်​လင်​ ​ဖော်​ပြ​ပေး​နေတယ်

ရှစ်ချင်းက Systemဆီက အ​မွေဆက်​ခံပြီး သူကိုယ်​တိုင်​ systemဖြစ်​​နေပြီဖြစ်​တယ်
ဒါ​ပေမယ့်​.... သူကိုယ်​တိုင်​ systemဖြစ်​​နေတဲ့ဟာကို သူကဘာလို့ systemနဲ့ ပစ္စည်း​တွေကို ​ရွေ့လို့မရနိုင်​တာလဲ

Reborn as a system[Translation]Where stories live. Discover now