Zawgyi
ရှစ်ချင်းက သူ့ရဲ့မျက်လုံးကို
ဖြည်းဖြည်းချင်းမှိတ်ပြီး
တည်တည်ငြိမ်ငြိမ်နဲ့ သေဆုံးသွားတယ်
သူနောက်ဆုံးမြင်လိုက်တဲ့အရာတွေက
သူ့ရဲ့ တောင်တန်းနဲ့တူတဲ့အဖေ၊
သိမ်မွေ့လှတဲ့အမေ၊
သူအမြဲတမ်း ရိုင်းပြစွာပြုမူနေတာတောင် သူ့အပေါ်မှာ အရိပ်တကြည့်ကြည့်ဖြစ်နေတတ်တဲ့ အကို။နောက်ဆုံးတော့ သူ့ရင်ထဲမှာ နက်ရှိုင်းတဲ့နောင်တနဲ့ ဝမ်းနည်းမှုတွေ ပြည့်လျှံသွားတယ်
ကလေးတစ်ယောက်အနေနဲ့ သူကမနာခံတတ်တဲ့ သားတစ်ယောက်ဖြစ်ခဲ့တယ်
သူဟာမိဘတွေရဲ့ ပိတုန်းရောင်နက်မှောင်တဲ့ဆံနွယ်ကနေစပြီး နှင်းလိုဖြူစွတ်တဲ့ဆံနွယ်တွေ ဖြစ်လာတဲ့အချိန်ထိ သူတို့ရဲ့ နှလုံးသားကို ဖျက်ဆီးခဲ့မိတယ်
သူ့အပေါ်အရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ အကို့အပေါ်မှာလဲ ဒုက္ခတွေအမြဲပေးမိတယ်"........တောင်းပန်ပါတယ် .......ကျွန်တော့်ကို ချစ်ခဲ့ကြတဲ့လူတွေ အကုန်လုံးကို.....
တောင်းပန်ပါတယ်"တစ်ချိန်ထဲမှာပဲ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ နှလုံးသားကထဲကနေ လွတ်မြောက်ဖို့ အင်အားကြီးတဲ့ အာရုံကို ခံစားလိုက်ရတယ် လွန်ခဲ့တဲ့၂နှစ်က အိမ်မက်ဆိုးတွေက နောက်ဆုံးတော့ပြီးသွားပြီ။
သူ့ကို မစားနိုင်မသောက်နိုင်ဖြစ်စေတဲ့ ငြီးငွေ့စရာကောင်းလှတဲ့ နာကျင်မှုကနေ လွတ်မြောက်အောင် ဘယ်တော့မှ လာတော့မယ့်ပုံမပေါ်တဲ့ သေခြင်းကိုလာဖို့ ဆုတောင်းလိုက်ရတာ ဒီရောဂါရဲ့ ရက်အတော်ကြာကြာ နှိပ်စက်ခံလိုက်ရပြီးတော့ နောက်ဆုံးတော့ ပြီးဆုံးသွားပြီ
အဆုံးမှာ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကျူးကျော်လာတဲ့ ကင်ဆာရောဂါကို ပြန်တိုက်မထုတ်နိုင်ခဲ့ဘူး
အဲ့တာကြောင့် သာယာလှပပြီး နေသာတဲ့ နေ့တစ်နေ့မှာ သူ့ရဲ့ အားနည်းပြီး ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ဟာ အရှုံးပေးလိုက်ရတယ်
YOU ARE READING
Reborn as a system[Translation]
AcciónMyanmar Translation Dec20,2019 Update ရပ်နားထားသည်။