Zawgyi
ချင်မော့က စာချုပ်ချုပ်သည်ကို လက်ခံလိုက်သည်။
ထို့နောက် ငွေရောင်အလင်းနဲ့ လူတစ်ယောက် နဲ့ ဝိညာဉ်တစ်ခုက systemအာကာသထဲ အတူတကွဝင်ရောက်လာသည်။
ချင်မော့ရဲ့ ခန္ဓာကိုယ်က အားနည်းနေပေမယ့် သူက အားနည်းတဲ့ပုံမပေါ်ဘူး။ သူက အရပ်အရမ်းရှည်ပြီး နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့အတွက် ကိုယ်ကာယကြံ့ခိုင် မှုအဆင့်က သာမန်လူတွေထက် ပိုကောင်း သည်။
ချင်မော့က ပြိုင်ဘက်ကင်းပစ္စည်းနဲ့ လုပ်ထားတဲ့ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအရာက သူ့ခန္ဓာကိုယ် မှာရေလိုမျိုးစီးဆင်းနေသည်။ ဒါပေမယ့် အနက်ရောင်ကြောင့် မီးခိုးငွေ့တွေ ကပ်ညှိတွယ်နေသည် နှင့်အသွင်တူနေသည်။
ဒါက သူ့ရဲ့ဖြူဖျော့ဖျော့ အသားအရေကို ပိုပြီးတော့တောင် မျက်စိကျိန်းစေတယ်။ တကယ်လို့ ထိုအရာက ဖြောင့်မတ်
မှန်ကန်ခြင်းနဲ့ တွဲဖက်မိရင် ထူးဆန်းဖွယ် ယဉ်ကျေးသိမ်မွေ့ပြီး ဆွဲဆောင်မှုရှိနေတာကို ပိုင်ဆိုင်လိမ့်မယ်။ရှစ်ချင်းက သက်ပြင်းအကြီးကြီးနဲ့ စိတ်ခံစားချက်ကို စွန့်ထုတ်လိုက်သည်။ ဒီမှာ တကယ့်ကို နှစ်အကြာကြီး ထာဝရရှင်သန် နေတဲ့သူက ဒီလမ်းကြောင်းကို လိုက်လာတယ်
သူကနောက်ပိုင်းမှာ နတ်ဆိုးကျင့်ကြံခြင်း ဘက်လမ်းကြောင်း ပြောင်းသွားပေမယ့်လည်း သူ့မှာ မှန်ကန်တဲ့ထာဝရရှင်သန်သူဖြစ်နေသေး သည်။မူလကလူတွေနဲ့ယှဉ်ရင် သူက အရမ်းခြားနားလွန်းသည်။ရှစ်ချင်းက ချင်မော့စကားပြောတာကို မစောင့်ချင်တာကြောင့် ချက်ချင်း သူ့ကိုယ်သူ စတင်မိတ်ဆက်လိုက်သည်။
"ငါက Systemနံပါတ်89757ပါ အမ် ....
မင်းငါ့ကို ရှစ်ချင်းလို့ခေါ်လို့ရတယ် ငါ့ကို မင်းရဲ့ ကိုယ်ပိုင် Systemလို့ တွေးနိုင်တယ် ငါက taskအသစ်တွေစီစဉ်ပြီး taskပြီးသည်အထိ လိုက်ပါကူညီရာမှာ အခုကစပြီး တာဝန်ရှိပါတယ်ဒီစာကြောင်းတွေက guideစာအုပ်ထဲမှာ တရားဝင်ကြော်ညာထားခြင်းဖြစ်သော
ကြောင့် ဒီလိုကောင်းမွန်တဲ့စကားဖြစ်ဖို့ ရှစ်ချင်း ကောင်းကောင်းမွန်မွန်ဖတ်ဖို့သာ လိုသည်။
![](https://img.wattpad.com/cover/209108651-288-k806008.jpg)
YOU ARE READING
Reborn as a system[Translation]
AksiyonMyanmar Translation Dec20,2019 Update ရပ်နားထားသည်။