Chapter3

420 45 0
                                    

Zawgyi

နောက်ဆုံးတော့ လဲလျောင်းနေတဲ့ အမှန်တရားအားလုံးက အငွေ့ပြန်သွားပြီ

ချင်မော့အမေဖြစ်သူ ယွဲ့နျန်က နတ်ဆိုးကျင့်ကြံသူတွေ အတွက်အသုံးဝင်တဲ့ မယုံနိုင်ဖွယ် ရှားပါးပြီး ထူးခြားတဲ့
ကိုယ်ခန္ဓာပိုင်ဆိုင်တယ် သူမက ပြီးပြည့်စုံဆုံး လူသားပေါင်းအိုးကြီးဖြစ်သည်။

[လူသားပေါင်းအိုး= ကျင့်ကြံခြင်းပုံစံတစ်မျိုး ဥပမာ s*x /
lionmarch-အကျယ်တဝင့်ရှင်းပြဖို့ မလိုဘူး လို့ထင်ပါတယ်]

လုကျိုးယွမ်က သူမရဲ့လျို့ဝှက်ချက်ကို သိရှိသွားပြီး သူမခန္ဓာကိုယ်ကို တပ်မက်ပြီး စက်ဆုပ်ဖွယ် အသုံးပြုချင်တယ် ဆိုလိုတာက သူမကို အတင်းအကြပ် သူပိုင်ဆိုင်အောင်လုပ် ချင်တယ် သို့သော်လည်း သိမ်မွေ့နူးညံ့လှတဲ့ သူမ ခန္ဓာကိုယ်က သူမျှော်လင့်တာထက်
ကျော်လွန်နေတယ် အကျိုးကျေးဇူးက တစ်ကြိမ်သာရသည်။သူ သူမကို တစ်ကြိမ် အသုံးပြုပြီးနောက်ထပ် ကြိုးပမ်းမှုတွေက ကျင့်ကြံခြင်းအပေါ် မသက်ရောက်ဘူး
ဒါက ဒယ်အိုးပေါ်က အလင်းရောင်လိုပဲ
သူဘာဖြစ်သွားလဲဆိုတာ မသိခင်မှာပဲ ထွက်သွားပြီဖြစ်နေတယ်။

လုကျိုးယွမ်က အဆုံးစွန်သောစွမ်းအားတွေနဲ့ ကြိုးပမ်းပြီး စိတ်ထဲစွဲနေမယ့် အချစ်ဆိုတဲ့အရာကို ရှာတွေ့မယ့် ယောက်ျားမဟုတ်လေဘူး ယွဲ့နျန်ရဲ့ မူးမေ့လဲမတတ်အလှတောင်မှ သူ့ကို နည်းနည်းလေးတောင် မဖျားယောင်းနိုင်ဘူး

ယွဲ့နျန်ရဲ့ ကျင့်ကြံမှုက နိမ့်ကျနေလို့ သူနောင်တရမိတယ်။သူမကို တစ်ကြိမ်သုံးပြီး နောက်တစ်ဆင့်မြန်မြန်ကျော်လွှားဖို့ အကျိုးကျေးဇူးရတယ် ဒါကအရင်းအမြစ်ကို ဖြုန်းတီးမိတယ်လို့ သူတွေးသည်။ တကယ်လို့ နောက်တစ်ကြိမ်အခွင့်အရေးရှိမယ်ဆို ယွဲ့နျန်ကို ကျင့်ကြံခြင်း အဆင့်မြင့်မှ အကျိုးတရားတွေကို ရိတ်သိမ်းမိမှာ။ ဒါက သူ့ကို သူမရဲ့ခန္ဓာကိုယ်ကမြောက်များစွာသော တန်ဖိုးရစေလိမ့်မယ် ကိစ္စတွေက ဖြစ်ပြီးပြီ ဆိုတော့ ဖြစ်င်္ပြးတဲ့အတိုင်းသာ ထားရတော့မယ်။

ကံမကောင်းစရာ ဒီကမ္ဘာကြီးမှာ နောင်တအတွက်ဆေးမရှိပေ။

လုကျိုးယွမ်က စိတ်ပျက်မှုနဲ့ ပြည့်နှံ့နေသည်။
ဒီလိုကံကောင်းမှုက သူ့ထံထပ်လာတော့မှာ မဟုတ်ဘူးဆိုတာ သေချာလှသည်။ ဒါပေမယ့် ယွဲ့နျန်က ကိုယ်ဝန်ရလာမယ်လို့ သူတစ်ကြိမ်လေးမှထင်မထားမိဘူး။

Reborn as a system[Translation]Where stories live. Discover now