Scene:6

4.8K 545 29
                                    

Warning:Some psychopath thinkings included in this part.

Xiao zhan's part  of view

"အော်...ရှင်း?"

Xiao zhanကလေးအခန်းဆီသွားရာလမ်းမှာဖြစ်သည်
မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ ရှင်းကိုနှုတ်ဆက်လိုက်တော့ ပြုံးရင်းအနားလျှောက်လို့လာသည်

"ဘယ်တွေရောက်နေတာလဲ ဆေးရုံမှာမတွေ့မိဘူး"

"ငါ UKခဏသွားမလို့လေ အဲ့တာပြင်ဆင်ဖို့ရှုပ်နေလို့"

"ဘာလို့လဲ...ငါ့ကြောင့်လား?"

တစ်ကယ်ပါ သူရှင်းလီကို မချစ်ပေမယ့်
သူငယ်ချင်းအနေနဲ့တော့ ဘေးမှာထားချင်ပါသည်

သူ့ကို ရင်မဆိုင်ချင်လို့ ရှောင်ထွက်တာမျိုးဆိုရင်တော့..

"မဟုတ်ပါဘူး xiao zhan ရယ် ဟိုမှာဆေးရုံကအခွဲ ရှိသေးတယ်လေ
အဲ့ကို သွားစစ်မလို့ ငါ့အဖေအစားငါသွားတာ"

မျက်နှာပျက်သွားတဲ့သူ့ကို ရှင်းလီက ပြာပြာသလဲလဲ ရှင်းပြရှာတယ်

"နင်လည်း...ဟိုကလေးဆီသွားမလို့မလား"

"အင်း.."

"နောက်မှတွေ့မယ်နော်..ငါသွားပြီ"

"အင်း...bye"

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

တံခါးဖွင့်လိုက်တာနဲ့အသံကြား၍ထင့် သူ့ကုတင်ပေါ်မှာ အရောင်စုံစက္ကူတွေနဲ့အလုပ်ရှုပ်နေတဲ့
ကလေးက လှည့်ကြည့်ပြီးရယ်ပြလာသည်

"ကလေး...ကိုယ်လာတာတောင်ထမလာရအောင် ဘာတွေလုပ်နေတာလဲ"

ဘာမှမပြောဘဲ ရယ်ဘဲရယ်နေတာကြောင့် ကိုယ်ဘဲသူ့ဘေးသွားထိုင်လိုက်ရသည်

"ရော့..."

"...?"

လက်ထဲ လာထည့်ပေးသွားတာကိုကြည့်လိုက်တော့ အစိမ်းရောင်အသဲပုံလေး..

"မနေ့က ကိုကိုကျန်ခဲ့တဲ့စာရွက်တွေနဲ့ ခေါက်ကြည့်ထားတာ"

"မခေါက်တတ်ဘူးဆို ကလေး...."

"အင်း....တစ်ခြားဟာတွေမလုပ်တတ်ပေမယ့် ဒါလေးတော့သင်ဖူးတယ်ထင်တာဘဲ
ကျွန်တော်လည်း ကလေးဆန်ဆန်နေခဲ့ဖူးတဲ့အချိန်တွေရှိပါသေးတယ်နော်"

The Psychopath Where stories live. Discover now