Xiao zhan's part of view
"ကလေး...လျှောက်ပြေးမနေနဲ့လေကွာ "
အိမ်ထဲဝင်တာတောင်ခုန်ပေါက်ပြေးလွှားနေသေးတဲ့ ကလေးကအတော်ပျော်နေပုံရသည်
"ကိုကို မနက်ဖြန်ဒီကထွက်မယ်နော် လေယာဉ်လက်မှတ်ဖြတ်မယ် အဲ...လက်မှတ်ရပါ့မလားချက်ချင်းကျတော့ USသွားကြရအောင် ...မဟုတ်သေးဘူး
Swiftzerlandသွားမလား ကလေးအဲ့ကိုလည်းရောက်ဖူးချင်နေတာ Italyလည်းသွားချင်သေးတာ"သု့ဟာသူတစ်ယောက်တည်းပြောရင်း မျက်လုံးတောက်တောက်လေးတွေနဲ့စဉ်းစားနေတဲ့ကလေးကမြတ်နိုးဖွယ်အတိ
ဧည့်ခန်းမှာ မတ်တတ်ရပ်နေတဲ့ကလေးကို ကောက်ပွေ့ကာsofaပေါ်တင်ပေးလိုက်တယ်
"ဒီမှာထိုင်ပြီး ငြိမ်ငြိမ်လေးဆက်စဉ်းစားနေဟုတ်ပြီလား ကိုယ်ရေသွားချိုးဦးမယ်
ကလေးလေးတစ်ယောက်ကိုတစ်နေ့လုံးထိန်းနေရတာမောနေပြီ""အဲ့တော့ ကျွန်တော့်ကိုမထိန်းချင်တော့ဘူးလား"
ဆက်ခနဲ ပြန်ပက်တာမို့လို့သူ့မှာပြာပြာသလဲရှင်းရတယ်
ကလေးက တအားစွာလာတာဘဲ"မဟုတ်ပါဘူး ကလေးရယ် ကလေးကိုတစ်သက်လုံးအနားခေါ်ထားမှာ အခုရောရေအတူတူလိုက်ချိုးချင်သေးလား"
သူကစလိုက်ပေမယ့် ကလေးကတစ်ကယ်ကြီးကို မျက်နှာလေးတွေ နားရွက်လေးတွေရဲပြီးတွန်းထုတ်တော့တာ
"သွားတော့ ခင်ဗျားဟာလေ ဘာတွေပြောမှန်းကိုမသိ"
*Door closed*
သူ့ကိုရေချိုးခန်းထဲရောက်တဲ့အထိတွန်းပို့ပြီး တံခါးကို ဒုန်းခနဲမြည်အောင်အကြမ်းပတမ်းပိတ်သွားတဲ့ထိကိုသူ့မှာအရယ်မရပ်နိုင်
ဒါလည်းကံကောင်းမှုတစ်ခုဘဲမို့လား
ကလေးနဲ့ ဒီလိုစနောက်ရယ်မောနေနိုင်မယ့်ရက်မျိုးရောက်လာမယ်လို့လုံးဝမမျှော်လင့်ခဲ့သော်လည်း
အခုရောက်လာခဲ့လေပြီအခုထိလက်တွေ့လို့မခံစားမိသေးဘူး
ကျေးဇူးပြုပြီးဒီပျော်ရွှင်မှုတွေအကြာကြီး..တစ်ကယ့်ကိုအကြာကြီးတည်တံ့နေပါစေ
YOU ARE READING
The Psychopath
Fanfictionကိုကို...ကျွန်တော့်ကိုထားမသွားဘူးမလား..? A love story... That must not begin... ကိုကို.... ကျွန်တော့်ကိုထားမသွားဘူးမလား...? A love story... That must not begin... Mature content is on only just because of viol...