Xiao zhan's part of view
အခန်းထဲမှာနံရံကပ် နာရီတစ်ချက်ချက်က လွဲလို့တိတ်ဆိတ်နေဆဲ
"ရော့...."
ရှေ့တွန်းပို့လာတဲ့fileတွေဖွင့်ကြည့်လိုက်တော့
ကလေးရဲ့ ဆေးမှတ်တမ်းတွေ..သူနဲ့တွေ့ပြီးမှ ပိုဆိုးလာတာလား?
"ဟိုတစ်နေ့က သောင်းကျန်းတာ သနားစရာဆရာဝန်လေးတစ်ယောက်ကတော့
ဒီတစ်သက်တော့ ဆေးထိုးအပ်မကိုင်နိုင်လောက်တော့ဘူး""........."
"ဒီအတောအတွင်း သူ့ကြောင့် ထိခိုက်တဲ့သူတွေ အရမ်းများနေပြီ"
Fileကိုပိတ်ပြီးစားပွဲပေါ်ပြန်ပစ်တင်ပေးလိုက်တယ်
ဒီအချိန်မှာ အပြုအမူတွေ ယဉ်ကျေးမှုတွေလည်းမသိတော့"ကျွန်တော့်ကို ခေါ်ပြီးဘာပြောချင်တာလဲအခု"
"ရှင်းလီကို ငြင်းတယ်ဆို"
"........"
"အာ.... အဲ့ကောင်လေးနဲ့က ဘယ်လိုပတ်သက်မှုတွေပါလိမ့်
ကိုယ့်အသားနာတာတောင်မမှုဘဲ ဂရုစိုက်ပေးနေတဲ့ပတ်သက်မှုမျိုးဆိုတော့"!!
"တော်သေးတာပေါ့ ကျောင်းသားကျင်းချူးယွဲ့ ပြန်ပြောပြလို့
သိလိုက်ရတာ ကိုကိုဆို? ဟား သနားစရာစိတ်ဝေဒနာရှင်လေးနဲ့ ဆရာဝန်လေးရဲ့အချစ်ဇာတ်လမ်းပေါ့?"ကျင်းချူးယွဲ့? ဟို အတန်းခေါင်းဆောင်?
မျက်လုံးထဲ လာတောင်းပန်ဖူးတဲ့ ပုံရိပ်တစ်ခုကပြန်မြင်လာတာမို့..
"အဲ့ ခွေးကောင်က ခင်ဗျားကျွန်လား"
"ဒါပေါ့ ကျောင်းပြီးတာနဲ့ ပါမောက္ခရာထူးတန်းပေးမယ်
ပြောလိုက်တာ ချက်ချင်းကို ရိုကျိုးသွားတာများ မင်းလိုမဟုတ်ဘူး သားရဲ့""ကျွန်တော့်ကို သားလို့မခေါ်စမ်းပါနဲ့!!"
"မင်းကတော့မတူဘူးလေ ဦးညွတ့်နေစရာမလိုဘူး
ရှင်းလီနဲ့သာလက်ထပ်မယ်ဆို ပါမောက္ခရာထူးလောက်မပြောနဲ့ ဒီဆေးရုံအပြင်နောက်ထပ်အခွဲတွေပါ
မင်းအတွက်ဘဲ""နဂိုထဲက အဲ့ဒါတွေမက်ခဲ့မယ်ဆို ရှင်းလီလက်ကို တွဲခဲ့တာကြာပြီ"
YOU ARE READING
The Psychopath
Fanfictionကိုကို...ကျွန်တော့်ကိုထားမသွားဘူးမလား..? A love story... That must not begin... ကိုကို.... ကျွန်တော့်ကိုထားမသွားဘူးမလား...? A love story... That must not begin... Mature content is on only just because of viol...