Wang yibo's part of viewလက်က ရေခွက်ထဲကိုရေထည့်နေရင်းနဲ့ အတွေးတွေပျံ့နှံ့လျက်ရှိသည်
၂ရက်ရှိပြီ
သူကိုကို့ကိုခေါ်လာတာလည်း ၂ရက်..
ကိုကိုနဲ့စကားမပြောဖြစ်တာလည်း၂ရက်...သူကလည်း ကိုကိုရှိတဲ့အခန်းထဲမဝင်သလို ကိုကိုကလည်းနေ့လည်စာ စားချိန်လောက်ကလွဲပြီး အပြင်ထွက်မလာဘူး
နေ့လည်စာဆိုလို့ သူဟင်းချက်တာတော့မဟုတ်
ဒီရက်ပိုင်းထဲသူမြို့ထဲသွားပြီး ဝယ်ဝယ်လာတတ်တဲ့ အရံဟင်းတွေသာအင်း သူလည်းဟင်းချက်တတ်ရင်ကောင်းမယ် ကိုကို့ကိုချက်ကျွေးလို့ရတာပေါ့
အခုတော့ ဘာမှပြသနာမရှာဘဲ စားပေးတဲ့ ကိုကို့ကို ကျေးဇူးတင်ပါသည်
ဘာလို့ သူအရင်ထဲကဟင်းချက်မသင်ခဲ့ပါလိမ့်နော်အော်...wang yiboရယ်
ကိုကိုက သူချက်တာသာဆို ရွံလို့စားတောင်စားပါ့မလားကိုယ့်အတွေးကို ကိုယ်ရယ်ချင်လာရသည်
တစ်ယောက်တည်း လျှောက်တွေးနေတာ ဟာသဘဲwang yiboရဲ့
ဘယ်လိုမှ ဖြစ်မလာနိုင်တာတွေအဲ့ဒီည....
ကိုကိုသူ့ကို ကြည့်တဲ့အကြည့်ကိုကောင်းကောင်းမှတ်မိသည်မျက်ရည်တွေကြားကဝိုးတဝါးသာ မြင်လိုက်ရပေမယ့် သူမသေခင်ထိစွဲကျန်နေမယ့် ဒဏ်ရာမျိုး..
မုန်းသွားပြီလား
ဆက်မပတ်သက်ချင်လောက်အောင် ရွံနေပြီလို့ပြောလာခဲ့လျှင် ဒုက္ခပါဘဲ
"ဘာတွေ တွေးနေတာလဲ"
!
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
Xiao zhan's part of view
"ဘာတွေ တွေးနေတာလဲ"
ရေတွေကဖန်ခွက်ထဲကတောင် လျှံကျနေပြီဖြစ်တဲ့အတွက်
ရေငှဲ့နေတဲ့ လက်လေးတစ်ဖက်ကို ကိုင်ရင်းတားလိုက်ပေမယ့်
အလန့်တကြား ရုန်းလိုက်တဲ့ကလေးကြောင့် ဖန်ခွက်က ကွဲသွားသည်"tsk!! နမော်နမဲ့နဲ့ ဖန်ကွဲစတွေနင်းမိမယ် ဒီလာခဲ့"
စိတ်ပူလို့ပြောတဲ့ သူ့အသံက မာသွားလို့ဘဲလားမသိ
ကလေးက သူ့ကိုမျက်နှာချင်းတောင်မဆိုင်ရဲဘဲ ခေါင်းငုံ့ကာ တုန်ရီနေသည်
YOU ARE READING
The Psychopath
Fanfictionကိုကို...ကျွန်တော့်ကိုထားမသွားဘူးမလား..? A love story... That must not begin... ကိုကို.... ကျွန်တော့်ကိုထားမသွားဘူးမလား...? A love story... That must not begin... Mature content is on only just because of viol...