Scene:13

4.9K 540 31
                                    

[ Wang yiboအသက်၈နှစ် ]

"ပါးပါး... သားနဲ့လာဆော့နော် "

"သား  ပါးမအားသေးဘူး"

သူ့အဖေရဲ့အကျီင်္ကိုဆွဲကာပြောနေတဲ့လက်လေးတစ်ဖက် ပြုတ်ကျသွားရတယ်

"အဲ့ဒါဆို gegeရော...သားနဲ့ဆော့မယ်မလားဟင်"

"ဖယ်စမ်းပါ မင်းရှိနေလို့ပါးတို့ကငါ့ကိုအချိန်မပေးနိုင်တော့တာ
အခုလည်းမိဘအလုပ်ရှုပ်နေတာကိုအလိုက်ကိုမသိဘူး ကောင်းကျိုးမပေးတဲ့ဟာလေး"

သူ့အစ်ကိုကိုမော့ကြည့်နေရှာတဲ့ကလေးငယ်ရဲ့မျက်လုံးတောက်တောက်လေးတွေကနေ
မျက်ရည်လေးတွေကျလာပြီး ငိုတော့သည်

သူငိုတော့သူ့မေမေကလာချော့ပါတယ်

သူမှတ်မိသမျှ သူ့ငယ်ဘဝအတိတ်တွေက မားနဲ့ပတ်သက်တာတွေချည်း

ဘာလို့သူ့ကို ဂရုမစိုက်ပေးကြတာလဲ

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

[ Wang yiboအသက်၁၀နှစ် ]

"မားမား ဒီမှာသားဆွဲထားတဲ့ပုံ သားကလေ"

"ထွက်သွားစမ်း  yibo  ဒီမှာလူကြီးတွေစကားပြောနေတာမမြင်ဘူးလား"

သူစာရွက်လေးကိုင်ပြီးထမင်းစားခန်းထဲဝင်သွားတော့ ပါးနဲ့ဘာတွေပြောနေလဲမသိတဲ့မားကအော်သည်

ဘာလို့လဲ သူပါးကိုထပ်မရှုပ်တော့ဘူးလေ
သူ့ကိုဂရုစိုက်ပေးတဲ့ မားကဘာလို့အဲ့လိုပြောရတာလဲ

သူ့ဘေးမှာဘယ်သူမှမရှိကြတော့ဘူးလား

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

[ Wang yiboအသက်၁၂နှစ် ]

"မား ပါး ဟို report cardလေးတစ်ချက်လက်မှတ်ထိုးပေးပါလား"

သူ့စကားအဆုံးမှာ geဆီက အကြည့်စူးစူးတစ်ချက်လက်ခံလိုက်ရသည်

Gegeကမပြနဲ့လို့ ပြောထားတာ yiboကသူ့ထက်အဆင့်တွေကောင်းနေတော့မပြရဘူးတဲ့

ဒါပေမယ့်မတတ်နိုင်ဘူး လက်မှတ်လေးတော့ထိုးခိုင်းရမှာဘဲလေ

သူပြောသော်လည်း ဧည့်ခန်းထဲထိုင်နေတဲ့ပါးရော မားရောအရေးမလုပ်

The Psychopath Where stories live. Discover now