Unicode ver....
"ခလေးမရဘူးနော်"
"ရတယ်တော့လုပ်"
"မရဘူး လန်ကျန့်
စည်းကမ်းကို သတိရအုံး"
"ဟင့်အင်း ရဝူး ရဝူး
အခုက တိမ်လွှာနန်းမြိုင်မှ
မဟုတ်တာ ရဝူး ဘာစည်းကမ်း
မှလာမပြောနဲ့ နှုတ်ခမ်းနဲ့
ပိတ်ပစ်လိုက်ရ ငြိမ်ငြိမ်သာ
လိုက်ခဲ့"အမလေး ပြစ်ဒဏ်ဆိုးချက်
မျိုချပြစ်မယ်မပြောတာ
ကျေးဇူးတင်ပါပေတယ်ဝေ့ရင်းကတော့ မကြီးမငယ်
ငမွှေကွမ်ကျွင်းနောက်
သူဆွဲခေါ်ရာကို ယက်ကန်ယက်ကန်
နဲ့ပါသွားလေသည်"ဝါး ဝူး အကြီးကြီးပဲ"
သူများအိမ်ခြံဝန်းအပြင်ဘက်ကပ်ရက်
က ဇီးသီးပင်ကို ကုတ်ချောင်း
ကုတ်ချောင်းနဲ့ တဝါးဝါး
လုပ်နေတဲ့ ခလေးပေါက်စကြီးကြောင့်
ဝေ့ရင်း သူ့ပါးစပ်ကို လိုက်အုပ်နေရလေသည်"တိုးတိုး သူများကြားမယ်"
ထိုသို့ပြောတော့ သွားလေးဖြဲ
ပြလာတဲ့ လန်ကျန့်
နေပါအုံး ဒီအပြုံးကဟာငါက ကြံရာပါ ဖြစ်သွားပြီလား
သူအတွေးများနေတုန်း
လန်ကျန့်ကတော့ သစ်ပင်ကို
ကုတ်တက်နေလေပြီအယား အဖြူရောင် တိမ်လွှာ
ဝတ်စုံကတော့ သွားပါပြီ
ကားယားကားယား ဖြူဖြူ
ဖြူဖြူနဲ့ သစ်ပင်ကို ကြောင်တစ်ကောင်လို
ကုတ်တက်သွားပြီ
ဘယ်လောက်တောင် အနေအထိုင်
သပ်ရပ်တဲ့ ဟန်ကွမ်ကျွင်းကြီးလဲခီွးးးးး
ခဏကြာတော့ ထို ဖြူဖြူ
ဖြူဖြူ ကားယားကားယားအောက်မှာ
မဲမဲ မဲမဲ ကားယားကားယားတစ်ခုက
ဖြူဖြူရဲ့ ဖင်လုံးလုံးကို ထောက်ပေးပြီး
အပေါ်ကို ပို့ပေးနေသည်တဲ့လေ"အဟေး ရောက်ပြီ"
သစ်ပင်ပေါ်ရောက်တော့
ခြေဆင်းထိုင်ပြီး အဟေးအဟေး
လုပ်နေတဲ့ ခေးပေါက်စ"ပေါက်စမို့ အဲ့လိုလုပ်နေတာလား"
"အွန်း မင်းနဲ့ တွေ့မှ
သူငယ်ပြန်သွားတာ
ပေါက်စဘဝရောက်သွားတာပဲ"
"မင်း~~ အင့်"
"ဟီး ချိုတယ်စား"ဝေ့ရင်းစကားမဆုံးသေး
ပါးစပ်ထဲ လာပိတ်ထားတဲ့
ဇီးသီးကြောင့်ဘာမှ ထွက်မလာ
YOU ARE READING
Wai Yin is mine (ဝေ့ရင်းက ဝမ့်ကျီးဟာ)(complete)
Randomလန် စပ်စလူးလေးနဲ့ ဝေ့တည်ငြိမ် အခွီးလေးပါ I'm Your Boyfriend အတွက် Lကနေ readerတွေကို ပြန်ချော့ခြင်း #L