ဝေ့ရင်းက ဝမ့်ကျီးဟာ ~ 14

1.9K 194 3
                                    

Unicode ver...

တည်းခိုခန်းပြန်ရောက်ပေမဲ့ ဟိုအဆိုးလေးက အခန်းမပြန်ချင်ဘူးဆိုလို့ ချယ်ရီတောတို့ ခေါ်လာမိလေရဲ့ ကျောပေါ်ကနေ တဝါးဝါးနဲ့ လုပ်နေတာ ချမယ်ဆိုလည်း မဆင်းဘူးတဲ့

သူပျော်နေတာမြင်တော့ ကျွန်တော်လည်းပျော်၏ ဒါပေမဲ့ ဒီအကြောင်းကတော့ မပြောမဖြစ်မို့ ပြောရတော့မည်

"ခလေး"
"အင်း"

ကိုယ့်ကျောကို မှီပြီး ထူးနေတဲ့ ထိုအကောင်ပေါက်လေးက တကယ်အသည်းယားစေတာ ယားတာယားတာပဲ ကြည့်စရာကို မလိုတာ

"ကိုယ်တို့မနက်ဖြန် ပြန်ကျတော့မလား
ခလေး လည်လို့ဝရင် ပြန်ရအောင် ဟိုရောက်ရင် တရားထိုင်မဲ့ ကိစ္စ~~~"
"ဟင့်~~~"

ဝေ့ရင်းစကားပင် မဆုံးလိုက် ရိုက်ငိုလာတဲ့ ခလေးကြောင့် ဝေ့ရင်းရင်ထဲ ထိတ်သွားမိသည်

ဝေ့ရင်း လန်ကျန့်ကို အမြန်ချပေးပြီး

"ခလေး ဘာလို့ ငိုနေတာလဲ မငိုရဘူးလေကွာ"
"ဟင့် ခလေးလေ ကိုကိုနဲ့ မ မခွဲချင်သေးဘူး ဟင့် ဗြဲ~~~~~"

ပြောရင်း အော်ငိုလာတဲ့ခလေးကြောင့် သူကပဲ ခလေးရဲ့ ပိုးပိုးပေါက်ပေါက် ကျနေတဲ့မျက်ရည်ကို အမြန်သုပ်ပေးပြီး

"ခလေးမငိုရဘူးလေ မျက်စိတွေ နာကုန်တော့မှာပဲ ခလေးလည်း သိသားပဲ ဒီကိစ္စက မဖြစ်မနေ လုပ်ရမယ်ဆိုတာ အဲ့ဒီအစွမ်းခလေးကို ဝါးမြိုမှာကို ကိုယ်က အဖြစ်ခံမယ်တဲ့လား"
"ဒါမဲ့ ဒီခန္ဓာက ငယ်ငယ်ကတည်းက ဝိဥာဏ်သန့်စင်ထားတာမှ မဟုတ်တာ အဆင်ပြေပါ့မလား "
"ကြိုးစားကြည့်တာပေါ့ ခလေးဒီစက်ကွင်းထဲလွှတ်မှ ခလေးလိုချင်တဲ့အဆင့်ကို တက်လို့ရမှာနော် "
"ဒါပေမဲ့~~~"

ဒါပေမဲ့ တွေ ဘာတွေ ထပ်ပြောနေမဲ့ ထိုနှုတ်ခမ်းဖူးဖူးလေးကို ထိကပ်စုပ်ယူလိုက်တော့ ပြောစကားတို့ အဆက်ပြတ်သွားလေရဲ့

"မ ဒါပေမဲ့ဘူးနော် ကိုယ်ဘယ်သူလည်း ကိုယ်ဖြစ်နိုင်အောင်လုပ်မှာ တစ်နှစ်တည်းပဲ
ကိုယ်မရှိပဲ ဖြတ်သန်းလိုက်ပါ တစ်နှစ်ပြည့်တဲ့နေ့ ကိုယ်မင်းဆီ ပြန်လာမှာ"
"ဟင့်"

ဝေ့ရင်းထိုသို့ပြောတော့မှ တားလို့မရတော့မှန်း သိနေသည့်လား သူ့ခလေးက ရှိုက်ငိုပြီး ရင်ခွင်ထဲ တိုးဝင်လာလေရဲ့

Wai Yin is mine (​ဝေ့ရင်းက ဝမ့်​ကျီးဟာ)(complete)Where stories live. Discover now