Unicode ver....
ဝမ့်ကျီးတစ်ယောက် ဝေဟင်ထက်က ဝတ်စုံနက်နဲ့ ချစ်ရသူကြီးကို တွေ့သောအခါ ဝမ်းသာမျက်ရည်လေးက ဖိတ်မခေါ်ပါပဲ
ကြွေဆင်းလာလေပြီ"ကိုကို"
ကွဲအက်အက်အသံလေးက ဝမ်းသာမှုများရောပွန်းလျက်
ဝေ့ရင်း ဗြက်စောင်းဒဏ်ကြောင့် မိစ္ဆာတို့က အလဲလဲ အပြိုပြို
ဝေ့ရင်းတီးတဲ့ ဗြက်စောင်းသံက တမူထူးခြားသည် ညိမ့်ညိမ့်လေး ဆိုပေမဲ့
လူရဲ့စိတ်ကို ကတိကအာက်ဖြစ်စေပြီး
မူးမေ့သွားချင်လောက်အောင် အသံက တမူထူးနေပြန်သည်ဂိုဏ်းသားတွေ အားလုံး အံ့သြနေကြပေမဲ့ အဲ့ထဲ အံ့သြမနေသူက ဝမ့်ကျီးနဲ့ ချီရမ်
"ဆရာဦးလေး ဒါက ဘယ်လိုဖြစ်တာလဲ"
ရှီချန် ဗြက်စောင်းသံကြောင့် အလူးအလဲ ခံစားနေရသော မိစ္ဆာကို တစ်လှည့် ဝေ့ရင်းကို တစ်လှည့်ကြည့်ပြီး မနေနိုင်စွာပဲ ချီရမ်ကို ထိုသို့မေးတော့ ချီရမ်က
"အဲ့ဒါ ဝမ့်ကျီး"
"ဗျာ!"
"ဟာ ဟင်!"ချီရမ်စကားကြောင့် ရှီချန်တင်မက ဂိုဏ်းသားတွေ အားလုံးပါ အံ့သြဆွွ့ံအ သွားကြလေသည်
ထိုအချိန်မှာပဲ ဝေဟင်ထက်က ဝေ့ရင်းရုပ်နဲ့ ဝမ့်ကျီးက မိစ္ဆာအားလုံးကို ထိုထူးခြားတဲ့ သံစဥ်နဲ့ ချေမှုန်းနိုင်ပြီး မြေပြင်သို့ ဆင်းသက်လာချိန်ဖြစ်လေသည်
"ခလေး"
"ကိုကို"ဝေ့ရင်းနဲ့ ဝမ့်ကျီးကတော့ ပတ်ဝန်းကျင်ကို သတိမထားအားတော့ပဲ တစ်ယောက်နဲ့ တစ္ယောက် တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်
"ခလေး ခလေး ဘာမှမဖြစ်ဘူးနော်"
ဝေ့ရင်းရုပ်နဲ့ ဝမ့်ကျီးက မေးတော့ ဝမ့်ကျီးရုပ်နဲ့ ဝေ့ရင်းက ခေါင်းလေးတဆတ်ဆတ် ငြိတ်ပြလေသည်
ဝေ့ရင်းရုပ်နဲ့ ဝမ့်ကျီးက ဝမ့်ကျီးရုပ်နဲ့ ဝေ့ရင်း ကိုင်ထားတဲ့ ပုလွေကို တစ်ချက်ကြည့်ပြီး
"ဒါက ဘာလဲ ခလေးက ကတိဖျက်ပြီး သူ့ကို အသုံးပြုမှာ မလို့လား "
"ဟဲ ကိုကိုကလည်း"
VOCÊ ESTÁ LENDO
Wai Yin is mine (ဝေ့ရင်းက ဝမ့်ကျီးဟာ)(complete)
Diversosလန် စပ်စလူးလေးနဲ့ ဝေ့တည်ငြိမ် အခွီးလေးပါ I'm Your Boyfriend အတွက် Lကနေ readerတွေကို ပြန်ချော့ခြင်း #L