ဝေ့ရင်းက ဝမ့်ကျီးဟာ ~ 11

2.3K 241 9
                                    

Unicode ver....

ချိုမြိန်တဲ့ အနမ်းတွေက ချစ်ရသူရဲ့ နှုတ်ခမ်းဖူးဖူးထံပါးမှာ ရင်ဘတ်ကို တစ်ခုခု လာတွန်းသလို ဖြစ်ပေမဲ့ အစကတည်းက အားမပါတ​ဲ့ ရိုက်ချက်၍လားမသိ မသိစိတ်က ထို လက်သေးသေးကို ဖမ်းချုပ်လိုက်ပြီး ချစ်ရသူရဲ့ ခေါင်းကို ကျန်လက်တစ်ဖက်နဲ့ သိမ်းဖက်ယူရင်း  သူ့ရဲ့ နှုတ်ခမ်း ပီစိ နီတာရဲလေးကို အားရပါးရ စုတ်ယူနမ်းရှိုက်မိလေသည်

ဝေ့ရင်း နမ်းလို့ ဝမှ ထိုပီစိကို လွှတ်ပေးလိုက်လေသည်
လန်ကျန့် ခင်မျာ အနမ်းခံရတာ ဘယ်က အရိုးကို နိပ်မိသွားမသိ ငြိမ်ကုတ်သွားလေရဲ့
ဇီးသီးကို သာတစ်လုံးချင်းစားပြီး ဘာမှမပြောတော့

"ခလေး"
"-------"
"ခလေး"
"-------"
"ခလေး!"

ဝေ့ရင်း သူ့ကိုခေါ်ပေမဲ့ အသိမကပ်တဲ့ ခလေးဆိုးလေး ထပ်ခေါ်တော့လည်း
သူ့စိတ်က ဘယ်ကမ္ဘာဆီ ရောက်နေတယ်မသိ အသံမြင့်ခေါ်တော့မှ လန့်သွားတဲ့ပုံနဲ့ မျက်လုံးလေး လန်ကြည့်လာလေရဲ့

"ဘာဖြစ်သွားတာလဲ"
"ဘာမှ မဖြစ်ဘူး"
"ဖြစ်ပါတယ်"
"မဖြစ်ပါဘူးလို့"

ဖြေတာဖြေနေတာ ငြိမ်နေတာလေးက ဝေ့ရင်းသိပ်သဘောမကျ

"ကိုယ့်ကိုပြောလေ ဒါမှ ဖြေရှင်းနိုင်မှာပေါ့"
"အရက်သောက်ချင်တယ် ကြက်ကင်ကော စားချင်တယ် ကြာစွယ်စွတ်ပြုတ်ကလည်းသောက်ချင်သေးတယ် ငါးကင်တစ်ကောင်လောက်လည်း မဆိုးပါဘူး ဘယ်ဟာစားရင်ကောင်းမလဲ တွေးနေတာပါ မရွေးတတ်တော့ဘူး အကုန်သဘောတွေ့နေတော့တာ"

ရုပ်တည်ကြီးနဲ့ သူစားချင်တာ ရွတ်ပြလာတဲ့
အသည်းအသက်လေး​ကြောင့် ဝေ့ရင်း ရူးသာ ရူးချင်သွားသည်
တကယ် လူက သူ့ကိုစိတ်ပူတာ သူကတော့ စားစရာရွေးရင်း ငိုင်နေတယ်ဆိုပဲ

"ဝေ့ရင်းကောကော"
"မိန့်တောမူ"

ဝေ့ရင်းရွဲ့ပြောတော့ လန်ကျန့်လေးက

"ရွဲ့တာလား ညူငြင်တာလား?"

မျက်နှာနုနုလေးပေါ် အလိုမကျမှုက အထင်းသား ဒါလား လူတိုင်းရှိန်တဲ့
ဟန်ကွမ်ကျွင်းဆိုတာ  ၂နှစ်သားခလေးပါလို့
ရွာအနှံ့ပတ်ပြောလိုက်ချင်မိတယ်တကယ်

Wai Yin is mine (​ဝေ့ရင်းက ဝမ့်​ကျီးဟာ)(complete)Where stories live. Discover now