"ဝေ့ရင်း ဟိုဘက်သွားရအောင်"
သူ့လက်ကို ဆွဲရမ်းပြီး
ပြေးလွှားနေတဲ့
ခလေးကြီးကိုကြည့်ရင်း
ဝေ့ဝူရှန့် ပြုံးမိသွားလေသည်"ဝါး စိတ်ချမ်းသာလိုက်တာ "
လန်ကျန့်တစ်ယောက်တော့
ဧကရာဇ်ပြုံးဝင့်အိုးကို ဖက်ပြီး
ဟိုလျှောက်ပြေး ဒီလျှောက်ပြေးလုပ်နေလသည်"ခလေးသတိထားချော်လှဲမယ်"
"ဟုတ်ပါပြီဗျာ"ဝေ့ရင်း သူ့ခလေးကြီးနောက်ကို
လိုက်ကြည့်ရင်း ကိုယ်တိုင်
ပြုံးလို့ပြုံးမှန်းတောင်
သတိမထားမိတော့ဝေ့ရင်း လန်ကျန့်နောက် လိုက်နေတုန်း
မိန်းခလေးတစ်စုက သူ့နားဝိုင်းလာပြီး"သခင်လေး ဒီဆိုင်ထဲ ခဏဝင်ပါ သခင်လေး"
ဝေ့ရင်း ထိုမိန်းခလေးတို့ကို ရှောင်ချင်ပေမဲ့ ရှောင်လို့ကမရ ဟိုလူက ဆွဲဒီလူကဆွဲနဲ့
"ဟို မိန်းခလေးတို့ ကျွန်တော်သွားရတော့မှာမို့ ဖယ်ပေးပါဗျာ"
"ဟာ ကိုကိုလေးကလည်း အဲ့လိုမလုပ်ရဘူးလေ"ဝေ့ရင်း ဆက်ပြောချင်စိတ်ကို မရှိတော့တာကြောင့် ဘာမှမပြောတော့ပဲ သူ့အချစ်လေးကိုသာ မျက်စိဝေ့ရှာနေကြလေသည်
ထိုမိန်းခလေး"သူက သွားမယ်ဆို ပေးသွားသင့်ပြီမဟုတ်ဘူးလားအမိတို့"
အသံလားရာဘက်ကို မိန်းခလေးတို့ရဲ့ အကြည့်က ဒိုင်းခနဲရောက်လာပြီး
"နင်က ဘာကိစ္စ~~အား သခင်လေး"
လူတွေက ချက်ချင်းဆိုသလို လန်ကျန့်နားကို ကပ်သွားလေသည်
လန်လေးက ဘာလုပ်မယ်ဆိုတာကို ဝေ့ရင်းအရသာခံပြီး ပြုံးပြုံးကြီးနဲ့ ကြည့်နေလိုက်လေသည်
"သခင်လေး တစ်ယောက်တည်းလား"
"မဟုတ်ဘူး "
"ပြောင်လိမ်နေတယ် သခင်လေးက တစ်ယောက်တည်းတွေ့နေတာကို"မိန်းခလေးတွေက အသံတွေနွဲ့ပြီးပြောလာတော့ လန်ကျန့်လေးက
"မင်းတို့ကို ငါလိမ်စရာအကြောင်းကို မရှိဘူး ငါ ငါ့ယောက်ျားနဲ့လာတာ"
"ရှင်!!"
ESTÁS LEYENDO
Wai Yin is mine (ဝေ့ရင်းက ဝမ့်ကျီးဟာ)(complete)
De Todoလန် စပ်စလူးလေးနဲ့ ဝေ့တည်ငြိမ် အခွီးလေးပါ I'm Your Boyfriend အတွက် Lကနေ readerတွေကို ပြန်ချော့ခြင်း #L