'ဝမ်ဝမ်'
ဝမ်ဝမ်ရေ
အော်ဒီခလေးဘယ်သွားပြန်တယ်မသိဘူး....
ကျွန်တော့်နံမည်ကတော့ရှောင်ကျန့်ပါ အသက်ကတော့၁၂နှစ်ရှိပီဗျ ဂေဟာကလူတွေကတော့ကျန့်ကျန့်လို့ခေါ်ကြပါတယ်......ကျွန်တော်မိဘမဲ့တစ်ယောက်ပါ ၄လသားအရွယ်မှာဒီဂေဟာမှာလာထားသွားတယ်လို့တော့ပြောတယ်ဗျ........
ဟော လာပါပြီ အဆိုးလေး.... သူကတော့ ဝမ်ရိပေါ်ပါ ကျွန်တော့်လိုပဲမိဘမဲ့ပေါ့ အသက်ကတော့၆နှစ်ပဲရှိသေးတယ် မိဘရင်ခွင်မှာတီတီတာတာချွဲရမဲ့ အရွယ်လေးပေါ့.......
ဝမ်ရိပေါ် ဘယ်ကိုသွားကမြင်းနေလို့ ဒီလောက်ပေတူးနေရတာလဲ.......
ဟော မေးနေတာမကြားဘူးလားဒီဘက်လှည့်စမ်း ပေကပ်ကပ်လုပ်မနေနဲ့ ....ပြန်မပြောဘူးလားမေးနေတာကို ငါရိူက်ချင်လာပီနော်.....ကောကလည်းသားသားကဟိုးရှေ့ကချောင်းလေးမှာသွားကချားနေတာ.....
မင်းကိုငါဘာမှာထားလဲ ပြော.....
ကောကောကိုမပြောပဲဘယ်မှမသွားရဘူးလို့ ......
အဲ့တော့ခုမင်းမှာအပြစ်ရှိလား မရှိဘူးလား....
ရှိပါတယ် ကောကောသားသားကိုမရိုက်ပါနဲ့ သားသားကြောက်ပါပီ နောက်မသွားတော့ပါဘူး ကောကောရဲ့မတ်မွန်သီးလေးကိုသနားပါ တောင်းပန်ပါတယ်.......
ကိုယ်လည်းတစ်ချက်မှမရိုက်ရသေးမဲ့လက်အုမ်လေးချီပီး အော်ငိုနေလိုက်တာများသူ့ကိုမဟားတရားနှိပ်စက်နေသလို တကယ့်အလည်လေး.......
ဟုတ်ပါပီ ကောမရိုက်တော့ဘူးနောက်ဆိုဘယ်သွားသွား ကောကိုပြောသွားရမယ် တကယ်လို့ရေနစ်တာတို့ သူများကအနိူင်ကျင့်တာတို့ဆိုဘယ်လိုလုပ်မလဲ ဝမ်ဝမ်လေးရဲ့.....
သားသားကိုဘယ်သူမှအနိူင်ကျင့်ပါဘူးကောရဲ သားကအရင်အနိူင်ကျင့်ထားတာ ဟိဟိ.....
သူများကိုအနိူင်မကျင့်ရဘူးနော် ဝမ်ဝမ် ကောစိတ်ဆိုးလိုက်မှာ.....
သားသားကစတာပါကောရဲ မကျင့်ပါဘူး....
ကဲရေသွားချိုးတော့ဝမ်ဝမ်.....
ကောကောကရော.......
ကောကချိုးပီးပီလေ.....
သားသားကရေချိုးတက်ဘူး ကောကောကချိုးပေးနေတာကိုအမြဲတမ်း ခုလည်းကောပဲချိုးပေးတော့