အိတ်က လှုပ်နေတယ်ရော်'
'ဖွင့်ကြည့်လေ ကော'
'ဟင် ခွေး ခွေးပေါက်လေး '
'သဘောကျလား အချစ်'
'အင်း အများကြီးသဘောကျတယ် ဘယ်အချိန်သွားဝယ်ခဲ့တာလဲ '
ခွေးလေးကိုပိုက်ရင်း ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာတဲ့ကော အကောင်ပေါက်လေးကလည်းကောရင်ခွင်ထဲတိုးဝေ့နေလိုက်တာများသခင်မှန်း သိနေသလို ကျွန်တော်လည်း အလိုက်သင့်လေးဖက်ပေးလိုက်ရင်........
'Happy birthday အချစ် ရှေ့ဆက်ဘာတွေဖြစ်လာမလဲမသိပေမယ့် လက်တွဲမဖြုတ်ပဲနောက်မွေးနေ့ပေါင်းများစွာကိုအတူဖြတ်သန်းရအောင်'
'အင်း ငါကမင်းမေ့နေပီထင်နေတာ ဒီနေ့ကို ခွေးလေးက က်ဆောင်ပေးတာလား '
'ဒါပေါ့ မမေ့ရပါဘူးဗျာ အချစ်မွေးနေ့ကို ကိုယ်ကမေ့ပါ့မလား ဒီမှာကိတ် သေးသေးလေးပေမဲ့ အထဲမှာကျွန်တော့အချစ်တွေအများကြီးပါတယ်'
ဝမ်ရိပေါ်က roမလိုနဲ့မroတက်လိုက်တာ....
ကျွန်တော်မျက်နိုးရတဲ့မှန့်လေးပေါ်အောင်ခပ်ဟဟ ရယ်ရင်းပြောလာတဲ့ကောက မျက်ရည်ကျတာမျိုးမဟုတ်ပဲ မျက်ရည်လေးတွေဝဲလို့ ကောပျော်နေတာ ကျွန်တော်သိသည် .....
ဒီမှာ မီးမှုတ်မလား ကော မရလောက်ဖူးလေတိုက်တယ်နော် လာအထဲသွားရအောင်.....
အင်း မင်းဆာလာအိတ်ပါယူခဲ့နော် ငါခလေးလေးကိုချီသွားပီ.....
ကျွန်တော့်လက်ဆောင်လေးကိုကောကအတော့်ကိုသဘောကျနေပုံ ကောဖြစ်ခြင်တာတွေထဲကတစ်ခုတော့ဖြည့်စည်းနိုင်ခဲ့ပြီး နောက်ထပ်နောက်ထပ် ဆန္ဒတွေဖြည့်စည်းနိုင်ဖို့ ကျွန်တော်ကျိုးစားရအုံးမယ်........
လာ ကော မီးမှုတ်ပီးဆုတောင်းရအောင် ရောဒါလေးဆောင်းထား.......
ဦထုပ်အချွန်လေးဆောင်းလို့ခွေးလေးချီထားကာ မျက်လုံမှိတ်ဆုတောင်းနေတဲ့ကောကတကယ့်ကိုဖြူစင်လွန်းသည် ကျွန်တော်လည်းဖုန်းလေးထုပ်လို့ဒီအခိုက်အတန့်လေးကိုမှတ်တန်းတင်လိုက်မိတယ်......
'ကောဘာတွေဆုတောင်းလဲ'
'ရိပေါ်နဲ့အတူသက်ဆုံးတိုင်အေးအေးချမ်းချမ်းနဲ့အတူနေပါရစေလို့'