ဝမ်ဝမ်ရေ ကျောင်းသွားမယ်လေ ဘာလို့ဆူပုတ်နေရတာလဲ.....
'ကော'
ဟင် ဘာဖြစ်လို့လဲ'ကောကောကအသက်ကြီးရင်သားသားကိုထားခဲ့ပီးမိန်းမယူသွားမှာဆို'
ဘယ်သူကပြောလဲ
'ဟိုထမင်းချက်တဲ့အန်တီတို့ကပြောတာ'
အန်တီတို့ကတော့စလိုက်ပြန်ပီထင်ပါရဲ့ ဒီဆူပုတ်ပုတ်ဝမ်ရိပေါ်လေးဟာ ဂေဟာတစ်ခုလုံးရဲ့အချစ်တော်လေး ....
'သူတို့ကစနေတာပါ ကောကောကဝမ်ဝမ်နဲ့ပဲနေမှာ ကဲရပီလား '
ဟီး ဟုတ်
'လာကျောင်းသွားမယ် အပြန်ကောကောကိုစောင့်နေရမယ်နော် ဘယ်သူခေါ်ခေါ်မလိုက်ရဘူး သူများနဲ့ရန်မဖြစ်ရဘူး 'နေတိုင်းပြောနေတာမမောဘူးလား
'ဘာပြောတယ်.'
ဟုတ်ကဲ့ပါလို့ပြောတာ
သွားအတန်းထဲသွားတော့....
At-3:40pm
ဝမ်ရိပေါ်လည်းမလာသေးပါလားစောင့်နေကြနေရာမှာပဲစောင့်နေလိုက်တယ်'ကောကော'
ဟောလာပါပီ ဘာလို့နောက်ကျနေလဲဝမ်ဝမ်
'သားသားစာရေးနေလို့'စာတွေအများကြီးရေးခဲ့တယ်ပေါ့
ဟုတ်တယ် စာတွေလည်းအများကြီးဖက်ခဲ့တယ်
ဟုတ်ပါပီ ဝမ်ဝမ်လေးကလိမ္မာတုံးလေး
'ကောကောညီလေးမို့လို့'
ကျောင်းနဲ့ဂေဟာသိပ်မဝေးတာမို့ နေ့တိုင်းစကားပြောရင်းလမ်းလျောက်ပြန်ဖြစ်တယ် ရိပေါ်လေးနဲ့အတူတူပေါ့ ဂေဟာကတစ်ခြားခလေးတွေပါရှိပေမယ့် အတူတူပြန်ရမှာ မကြိုက်တဲ့ဝမ်ရိပေါ်ကြောင့်နှစ်ယောက်ထဲသာပြန်ဖြစ်တာ
ဂေဟာပြန်ရောက်တော့ ကောကဂေဟာကအလုပ်တွေကူလုပ်ပေး ဝမ်ဝမ်ကကစားပီးရေချိုးရတယ်
'ဝမ်ဝမ်ရေချိုးတော့လေ'
'ချိုးပီးပီ'
'ဟမ်ကောကိုတောင်မစောင့်ဘူးပေါ့ '
အမြဲတမ်းကိုယ်ရေချိုးပေးမှချိုးတဲ့ခလေး မချိုးပေးရင်တောင်ဂျစ်တိုက်တဲ့ခဘေးကခုရေချိုးပီးပီဆိုတော့ ဘာဖြစ်လို့များလဲညမှမေးရပါအဲုးမယ်လေ
ထမင်းစားသောက်ပီးလို့အိပ်ဖို့ပြင်ကြတဲ့ခါ
'ဝမ်ဝမ်'
ဗျာ
'ကောကောဆီလာပါအုံး'
လက်နှစ်ဖက်ကမ်းခေါ်တော့ကိုယ့်ရင်ခွင်ထဲရောက်လာတဲ့ကိုယ်လုံးလုံးလေး
'ပြောပါအုံး ဘာလိုရေချိုးတာကောကိုမစောင့်တာလဲ'
ဘာမှမဖြစ်ပါဘူး
'ခလေးလေးတွေကဖြူစင်တယိတဲ့ဝမ်ဝမ်လေးရဲ့ လူကြီးကိုပြန်လိမ်လို့မရဘူး တစ်ခုခုဖြစ်နေတာကောကသိတယ် အဲ့ဒါကြောင့်ပြောပြ ဘာဖြစ်လာတာလဲ'
'ဒီမှာ'
အကျင်္ီလေးမြှောက်ပြတော့ရင်ဘက်ကအချွန်တစ်ခုနဲ့ခြစ်ခံထားရတဲ့အရာသွေးလေးတောင်စို့နေသေးတာ မြင်လိုက်ရတဲ့ချိန်ရင်ဘက်ထဲကဆူးခနဲ ခလေးကိုသနားရသလို မကာကွယ်ပေးနိူင်တဲ့ကိုယ့်ဖြစ်တည်မှုကိုလဲမုန်းမိတယ်
'ဘယ်သူလုပ်တာလဲ'
'ယွီတို့လုပ်တာ သားသားကမိဘမရှိတဲ့ကောင် လူမဟုတ်ဖူးတဲ့ ဟင့်'
'အေးအေးမငိုပါနဲ့ဝမ်ဝမ်လေးရယ် '
ကောတို့ဘဝတွေကရွေးချယ်ခွင့်မှမရှိတာကွယ်
နှင့်သိမ်ပေးတဲ့ကိုယ်ကိုယ်တိုင်ကမျက်ရည်စက်လက် ဘာလို့ပြန်မလုပ်လဲပေးတော့ ကေားစကားနားထောင်လို့ပေါ့တဲ့ '
#ပထမဆုံးရေးတာမို့အမှားတွေပါရင် ကြိုပီးတောင်းပန်ပါရစေရှင့် 🤎