" ငါတို့လမ်းခွဲပြီးသွားရင် နင်အဆင်ပြေဖို့ဆုတောင်းတယ် Jennie "
" ဟင့်အင်း ငါက နင်မရှိလည်းအဆင်ပြေတယ် Lisa နင်သာပျော်အောင်နေပါ "
ကြယ်ကြွေရင်တောင်းတဲ့ဆုက
ရာခိုင်နှုန်းဘယ်လောက်ထိပြည့်စေနိုင်လဲ?
အမှန်ဆို ကြယ်ကြွေတာလေ ဘာမှမဆိုင်ဘူး...စာအုပ်တွေအကြောင်း
ကော်ဖီတွေအကြောင်း
ကြယ်တွေအကြောင်း
Daisy တွေအကြောင်း
အင်း ပြီးတော့ မင်းရဲ့အကြောင်း
နောက်ပြီး ကိုယ့်ရဲ့ဆုတောင်းတွေအကြောင်း
တစ်ကယ်တော့
ရထားသံလမ်းတွေလိုမျိုးဖြစ်နေတဲ့မင်းနဲ့ကိုယ့်ရဲ့အကြောင်း.....
စာအုပ်တစ်အုပ်ကို ကောက်ကိုင်မိရင်ပြီးသွားသည်ထိဖတ်လေ့မရှိတာ Lisa ရဲ့အကျင့်တစ်ခုပါ။ တစ်ဝက်လောက်ဖတ်ပြီးတာနဲ့ဆက်မဖတ်ဖြစ်တော့ဘဲပစ်ထားတတ်သည်။သတိရမှပြန်ရှာပြီးဖတ်တတ်တာမျိုး။ကော်ဖီတစ်ခွက်သောက်ပြီဆိုလည်း
နည်းနည်းလောက်အေးသွားအောင်ထားပြီးမှသောက်တတ်သလို ကဗျာဖတ်ပြီးဆိုလည်း
ရင်နဲ့ခံစားပြီးမှဖတ်တတ်သည်။သူ့အကြောင်း တစ်ယောက်သောသူရဲ့အကြောင်းကို
တွေးမိတိုင်း ဝရန်သာကိုထွက်ကာကြယ်တွေကို
ငေးကြည့်နေတတ်သည်။ကြယ်တွေရဲ့အကြောင်းက သူမရဲ့အကြောင်းပါပဲ။
ဒါ သူသတ်မှတ်တာ။တိတ်ဆိတ်နေတဲ့ခြံရယ် မှောင်မိုက်နေတဲ့အိမ်လေးရယ်ကLisa ပိုင်ဆိုင်တာပါ။ အရင်ဆို ခြံလေးထဲမှာပန်းရနံ့တွေရယ် ရယ်သံတွေရယ်နဲ့ပြည့်နေခဲ့တာ။ အိမ်လေးထဲလည်းမီးရောင်စုံတွေနဲ့လှပနေခဲ့တာ။
ခုတော့ Lisa ရဲ့အိပ်ခန်းတစ်ခုတည်းသာ
မှုန်ပြပြညမီးရောင်လေးရှိပြီးတစ်အိမ်လုံး
မှောင်မဲနေခဲ့သည်။သူဒီအိမ်မှာမနေဖြစ်တာကြာပြီ။
သူ့ရဲ့မိဘအိမ်မှာသာပြန်နေဖြစ်သည်။
ဒီနေ့တော့ ဒီအိမ်လေးဆီလာဖြစ်သည်။စန္ဒယားသံတိုးတိုးလေးကအိမ်အပေါ်ထပ်မှထွက်ပေါ်လာသည်။ဒီအခန်းက ဂီတပစ္စည်းလေးတွေ
ထားတဲ့အခန်းပါ။နေ့တိုင်းမှောင်နေပေမယ့်
ဒီနေ့တော့မီးလင်းနေခဲ့သည်။
အဆွေးသံစဉ်ကိုတီးခတ်နေတဲ့သူက Lisa