အပိုင်း ၎

1.5K 173 4
                                    

Zawgi
Nj

သူမှားသွားတာလား ဒီတိုင်စောင့်ရတာကြာသွားခြင်းနဲ့ ​တွေ့ရတဲ့သူက ဂျီမင်းမဟုတ်ခြင်းအပေါ် သူအခုလိုဂျောင်ကုအပေါ် အပြစ်မျိုး ပြုလုပ်လိုက်ခြင်းပင်။ ထားပါဂျောင်ကုဆို သူက သူ့ကိုသေမတတ်စိတ်ကောက်လိမ့်မည်မဟုတ်။ဘာလို့ဆိုဂျောင်ကုက သူ့ကိုစိတ်ကောက်လည်း သူချော့မည်မဟုတ်ပေ။ ဒါပေမဲ့လည်း အခုလိုတွေ့တွေ့ခြင်း ဒုက္ခပေးမိသလိုဖြစ်တာကြတော့ စိတ်မကောင်းမိတာတော့အမှန်။ သို့ပေမဲ့လည်းသူကချော့ရမည်သူတော့မဟုတ်ပေ....။

သို့သော်လည်း သူမှားတော့တောင်းပန်ရမည်လေ။ နန်းဂျွန်ကျောင်းကိုသာအမြန်လာမိသည်။ ​တောင်းပန်ရဦးမည်။ အတွေးတွေကတော့ ​ဝေတေဝါးတား........။

ကျောင်းကိုရောက်ရောက်ခြင်း ဂျီမင်းတို့အခန်းဆီ အပြေးသွားမိသည်။ မြင်ရတာကဆော့ဂျင်နဲ့ ပြဿနာတတ်နေသောဂျီမင်း နည်းနည်းတော့တင်းမိသည်။ ဖုန်းဆက်လို့အဆင်
ပြေနေတာကို ​ဂျောင်ကုကိုလွတ်လိုက်တော့ ခုသူတောင်းပန်ရတော့မည်လေ။

အခန်းထဲ မျက်လုံးဝေ့ကြည့်မိတော့ နောက်ဆုံးအတန်းမှာ ​ဂျောင်ကုနဲ့ယွန်းဂိကထိုင်နေလေသည်။နန်းဂျွန်ကိုမြင်တော့မျက်လွှာချပြီးငြိမ်နေလေသည်။

အော်အစ်ကိုဂျွန်ရောက်တော့လာသားပဲ။ ​ပြောချင်တိုင်ပြော၍ ခံစားရအောင်လုပ်ထားပြီး ​တောင်းပန်မယ်တော့မရှိဘဲ ဂျီမင်းကိုသာလာကြည့်သတဲ့လား...။ သိပ်ရယ်ရတာပဲ။

"ဂျောင်ကုကိုယ်ပြောစရာရှိတယ်"

ဘယ်လောက်ပဲစိတ်ဆိုးတယ်ပြောပြော အနားကိုအစ်ကိုနန်းဂျွန်ရောက်လာတော့ ငြိမ်နေတဲ့နှလုံးသားနုနုက ကဆုန်ပေါက်နေလေရဲ့..။

"ရတယ်အစ်ကို ကျွန်တော်တို့ အတန်းချိန်ရှိတယ်ပြီးမှ
ပြောအခုမအားဘူးစာလုပ်မလို့"

စာလုပ်မလို့ဆိုပြီး စာအုပ်တွေဆွဲထုပ်နေတဲ့ဂျောင်ကု တကယ်ပဲအဲ့လောက်စိတ်ဆိုးမယ်ထင်မထားခဲ့ မျက်နှာရဲရဲနဲ့မျက်လုံးအစ်အစ်က ငိုထားမှန်းသိသာလေသည်။ နှာဖျားနီနီရဲရဲက လုံးနေ၍ချစ်ဖို့ကောင်းပါလေရဲ့။

လေရူးသုန်သုန်(complete) Where stories live. Discover now