Z&U"ဟလို ဂျီမင်းပြော"
"မနက်ငါကျောင်းမတတ်တော့ဘူး အစ်ကိုဂျွန်းကခေါ်လို့
အဲ့ဒါဆရာမကို ငါနေမကောင်းဘူးပြောပေးဦး ကုကီးနော်"ရင်ထဲနင့်ခနဲ ခက်ခဲလှသည်။ ထိုစကားမျိုးကြားရမည်ဟု ဂျောင်ကု တစ်သမတ်တည်းစဉ်းစားထားခဲ့သည်။ သို့သော်လည်း ကြားဖို့အဆင်အသင့် မဖြစ်သေးသည့်အပြင် ပူနွေးနွေး
မျက်ရည်များကလည်း စီးဆင်းလာလေသည်။
ရင်ထဲကနှလုံးသားကလည်း စူးအောင့်လာလေသည်။သိပ်ရက်စက်တယ် လို့တော့မဆိုချင်တော့ပေ။"အင်းငါပြောပေးပါ့မယ်"
လက်ထဲကဖုန်းကလည်း ဘယ်လိုဘယ်ပုံအောက်သို့ရောက်သွားလည်း မသိခဲ့။ အော်ဟစ်၍လည်းငိုပြစ်ချင်မိသည်။
တကယ်ပဲလွတ်လပ်စွာနဲ့ အစ်ကိုမပါပဲအစ်ကိုယ့်ကို
မချစ်တော့ဘဲထွက်ပြေးသွားချင်မိသည်။"သားရေဂျောင်ကုယွန်းဂီရောက်နေတယ်"
ဟင်ယွန်းကဘယ်ကဘယ်လို။အရင်ကသူနဲ့ယွန်းကအိမ်နီးချင်းတွေ ငယ်သူငယ်ချင်းလဲဖြစ်သည်။သူတို့ကြားထယ်ယောင်းရောက်လာတော့ ယွန်းနဲ့လည်းသိပ်စကား မပြောဖြစ်ကြ ။အနေမအေးလာတဲ့ယွန်းကမှိုင်တွေလာခဲ့သည်။ ပျော်နေလားမသိပေမဲ့ သူငယ်ချင်းကိုတော့ပျော်စေချင်သည်။ စိတ်ရင်းပါ။
"ယွန်းလာလေ"
အခန်းတံခါးဖွင့်ပေးတော့ အရင်ကပြုံးပြုံးနေတတ်တဲ့ ယွန်းမျက်နှာကမှိုင်တွေနေလေသည်။ပါးပြင်ဖြူဖြူအုအုမှာ အနီရောင်အစင်းကခပ်ပါးပါး။
"ယွန်းဂိနေမကောင်းဘူးလားယွန်းဂိ"
မေးခွန်းမဆုံးသေး နီကျင့်ကျင့်မျက်လုံးတွေဆီက အကြည့်ကြောင့် သိလိုက်ရပာ၏။ ဂျောင်ကုအနည်းငယ်တော့ ရိပ်မိပါသည်။
"ယွန်းဂိဘာဖြစ်လို့လဲ"
"ဟိုကောင် ငါ့ကိုရိုက်လိုက်တယ် အဟား ဟိုဆော့ကိုထိလို့တဲ့"
"ဘာ! ဒါ ထယ်ယောင်းရိုက်တာပေါ့ ဟုတ်လား ဒီကောင်"
"ထားလိုက်ပါဂျောင်ကုရာ ငါ ငါ လေ
အခုချိန်အရမ်းပင်ပန်းနေပြီ
ငါဘာမှမပြောချင်ဘူး ငါ့ကိုကျေးဇူးပြုပြီး လွှတ်ထားလိုက်ပါကွာ"