အပိုင်း ၆

1.5K 156 17
                                    

Zawgi

ကားမောင်းနေတဲ့အစ်ကို့ကိုကြည့်ရင်း နှလုံးသားလေးက လှုပ်လှုပ်ခတ်ခတ်။ အစ်ကိုက​တော့ခပ်တည်တည်ပင် ပြုံးတောင်မပြပေ။ ​ရေမော့သောက်နေသော အစ်ကိုဂျွန်းက ကြည့်ကောင်းပါရဲ့။  လူတစ်ယောက်အသွင်ထက် နတ်သားတစ်ပါးအလား။
ရူးသွတ်တတ်မက်ဖွယ် ​ကောင်းလောက်အောင်ပင်။
ချောမောလွန်းလှသည်။ သူကြည့်နေတာကို ရိပ်မိတဲ့အစ်ကိုကလှည့်ကြည့်ပြီးပြုံးပြ၍ ကားကို ဂရုတစ်စိုက်မောင်းနေခဲ့လေသည်........။ သို့သော်သူကတော့အစ်ကို့အပြုံး
ကြောင့် ​အောင်နိုင်သူတစ်ယောက်လို ​ပျော်ရွင်နေမိလေသည်။

"ဂျောင်ကုဆင်းဒါကစားကွင်းလေ ကစားလို့ရအောင်ခေါ်လာပေးတာ ဒီနေ့တော့နေရာနှံ့အောင်သွားရအောင်.....လာ"

လက်လှမ်းပေးနေတဲ့အစ်ကို့ကြောင့် လူကတုန်ချိချိ။ တကယ်လားအိမ်မက်လားလို့ ကိုယ့်ကိုကိုပြန်ပြီးစမ်းသတ်ရတာအမော သိပ်ပြုစားတာပဲ အစ်ကိုရယ်။ အစ်ကို့လက်ကို
အားကိုးတစ်ကြီးကိုင်လိုက်မိတဲ့ခဏ လိပ်ပြာလေးတွေ ခန္ဓာကိုယ်ထဲကတစ်ဖြတ်ဖြတ်ထွက်သွားသလို ခံစားရလေသည်။

"သရဲအိမ်ဝင်ရအောင်ဂျောင်ကု မိုက်တယ်အစ်ကိုက သဘောကျတယ်......လက်မှတ်နှစ်ဆောင်ပေးပါ"

လက်မှတ်မှာရင်းသူ့ကိုလည်းပြောရင်း သရဲအိမ်ဝင်ဖို့ခေါ်နေသောအစ်ကိုကြောင့် ​ကြောက်ရွံမှုတွေလွင့်စင်သွားသလို။

"ဟုတ်အစ်ကိုဂျွန်း ကုကုဝင်ရဲပါတယ်"

"မကြောက်ပါနဲ့အစ်ကိုရှိတာပဲလာ"

အစ်ကို့ရဲ့လက်ချောင်းသွယ်သွယ်တွေကြား ယှက်နွယ်နေတဲ့ သူ့လက်တွေကြောင့် ရင်ခုန်မှုက အတိုင်းအဆမရှိ။ လွမ်းနေတော့မှာပဲအစ်ကိုရယ်...။

သရဲအိမ်ဝင်တော့ သရဲတွေမြင်ရင်ကြောက်စိတ်က ဖုံးဖိမရ အစ်ကို့ရင်ခွင်ထဲသာပြေးဝင်မိသည်။အစ်ကိုကတော့ခပ်ဟဟရယ်နေသေးသည်။ တကယ့်ကို အစ်ကို့ရင်ခွင်ကနွေးတာ......။

ဒီလိုနဲ့တစ်နေ့လုံးလျှောက်သွားပြီး ညနေ၆နာရီလောက်ရောက်လာသည်။အိမ်ပြန်ရမည်ဆိုသောအသိက ရင်ကိုနာစေသည်။ ​နောက်ဆိုအစ်ကိုနဲ့မတွေ့တော့ဘူးလို့ ကတိပေးထားခဲ့သည်မဟုတ်လား။ ကံပေပဲမို့မတတ်နိုင်ပေ။ ဒီနေ့အမှတ်တရတွေကိုသိမ်းပိုက်ရင်း အစ်ကို့ရှေ့ကပြောက်ကွယ် သွားပေးပါ့မယ်.......။

လေရူးသုန်သုန်(complete) Where stories live. Discover now