အပိုင်း ၅

1.5K 165 4
                                    

Zawgi

"ဂျောင်ကုဟိုနေ့က နန်းဂျွန်ဟျောင်းနဲ့ ပြဿနာတတ်တာ ငါ့ကြောင့်လားဟင်"

မျက်နှာငယ်လေးနဲ့ လာကြည့်နေတဲ့ဂျီမင်း ဘယ်လိုပဲရှောင်ရှောင် ထိပ်တိုက်တိုးလေသည်။ဂျီမင်းကိုသူမတွေ့ခြင် ဂျီမင်းကိုတွေ့ရင် အစ်ကိုဂျွန်းကိုလည်းတွေ့ခြင်နေမိလိမ့်မည်။ဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ် အစ်ကိုဂျွန်းကို သူမတွေ့ခြင်ပေ။ မဟုတ်ပါကဂျီမင်းအားဂရုစိုက်နေမည့် အစ်ကိုဂျွန်းကိုတွေ့နေရလိမ့်မည်။

"မဟုတ်ပါဘူးဒီတိုင်းပါပဲဘာမှမဖြစ်ပါဘူး"

"ဒါနဲ့လေသိလားဂျောင်ကု ငါနဲ့အစ်ကိုဂျွန်းနဲ့ ချစ်သူဖြစ်သွားပြီသိလား ဟီး ဟိုတစ်နေ့ကဖွင့်ပြောလိုက်လို့ အစ်ကိုဂျွန်းကို အဖြေပြန်ပေးလိုက်ထာ အစ်ကိုဂျွန်းကငါ့ကိုလေသူ့ကို ကိုကိုလို့ခေါ်တဲ့...အဟိ..."

ကိုင်ထားတဲ့ရေဘူးက ဗုတ်ခနဲပြုတ်ကြသွားသလို နှလုံးသားလေးကလဲ အနက်ဆုံးနေရာသို့ဝုန်းခနဲ ပြုတ်ကြသွားလေသည်။ ချစ်သည်ဆိုသောလူသား မြတ်နိုးသည်ဆိုသောလူသားက တစ်ခြားတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီတဲ့လား။ ချစ်သူဖြစ်တဲ့သူကလည်း ကိုယ့်သူငယ်ချင်းတဲ့။ မွန်းကျပ်လှောင်ပိတ်မှုတို့က ရင်ထဲကွဲထွက်မတတ် စို့နစ်မှုနဲ့ဝမ်းနည်းမှုက
မျက်ရည်ကိုကြစေသည်။ ခက်ပါရောလား...။

"ကုကုဘာဖြစ်လို့လဲရေဘူးတွေလဲပြုတ်ကျကုန်ပြီ"

"ကျေးဇူးငါသွားတော့မယ်ယွန်းဂိကစောင့်နေပြီသွားပြီ"

"အေးအေး"

ဂျီမင်းရှေ့ကနေပြေးထွက်လာမိသည်။သူလှိုက်လှိုက်လဲလဲငိုမိသည်။ လာနေကြခေါင်မိုးထပ်ရောက်တော့ ​ခြေကုန်လက်ပန်းကြစွာ လူကနူန်းချိနေလေသည်။

ရင်ထဲကအပူမီးကတော့ တစ်ဟုန်းဟုန်းလောင်ဆဲ ဘယ်သူ့ကိုအပြစ်တင်ရမလဲ။ ခုချိန်မှာအမှတ်မရှိတဲ့ ကိုယ့်ကိုကိုပဲအပြစ်တင်ရမလား။ ​ပြန်မချစ်တဲ့အစ်ကိုဂျွန်းကိုပဲ အပြစ်တင်ရမလား။
လာပြီးပြောတဲ့ဂျီမင်းကိုပဲ အပြစ်တင်ရမလား။ 

နောက်ဆုံးမှ မလိုအပ်မှန်းသိလာလေလေ အမှောင်ထုထဲရောက်ရှိလေလေ ထွက်ပြေးချင်လေလေ။ တစ်ချိန်ချိန်အစ်ကိုဂျွန်းဟာ သူ့ကိုတော့ မပြစ်ပယ်ဘူးဆိုတဲ့ မျှော်လင့်ချက်ဟာ ကျိုးပဲ့ပြီ။ခုချိန်မှာတော့လစ်ဟာနေလေရဲ့။

လေရူးသုန်သုန်(complete) Where stories live. Discover now