အပိုင်း ၈

1.5K 157 21
                                    

Zawgi

"သားရေဂျောင်ကု ​မေမေဈေးခဏသွားလိုက်အုံးမယ် သိလားအိပ်ပဲမနေနဲ့"

"ဟုတ်မေမေ"

ညစ်ညူးနေတဲ့ခေါင်းကိုဖိရင်း စောင်ပုံတွေထဲက ထွက်လာမိသည်။ ရင်ထဲဟာတာတာနှင့် ​ရေချိုးခန်းထဲရောက်တော့ ပျို့ချင်သလိုလို အန်ချင်သလိုလိုနှင့် တစ်ဝေါ့ဝေါ့နှင့်ဖြစ်နေလေသည်။ ​နေမကောင်းဖြစ်တော့မှာလား ခုအတောအတွင်းခန္ဓာကိုယ်ကပိန်ပါး၍ ​သေးသေးလာသည်။ တဖြည်းဖြည်းအဂိထက်တောင် ပိန်လာနေလေသည်။ စာမေးပွဲတွေလည်းပြီးလို့ ​ကျောင်းတွေလည်းပိတ်နေပြီ အစ်ကိုနဲ့မတွေ့ရတာခုဆိုတစ်လလောက်ရှိရော့မယ်။တစ်နေ့မှမေ့မရပေမဲ့ အားတင်းရင်းဖြေဖျောက်ရသည်...။

ဝေါ့

"အားရှီး...ဘာဖြစ်နေတာပါလိမ့် ဘာမှလည်းမတည့်တာမစားဘဲ"

အိမ်အောက်ဆင်း၍ ​ရေခဲသေတ္တာထဲက စတော်ဘယ်ရီသီးလေးတွေကိုသာ ကိုက်စားနေမိတော့သည်။ အာသာပြေသလိုလို ဗိုက်ကတော့မဝပေ။ ​မေမေကျော်ထားတဲ့ဂင်ချီထမင်းကိုသာ ဝါးရင်အတွေးတွေကဟိုတစ်စဒီတစ်စ....။

ဝေါ့

ထမင်းစားနေရင်း ထိုးထိုးပြီးအန်နေ၍ ထမင်းပွဲကိုသာသိမ်းလိုက်မိတော့သည်။ ​မေမေပြန်လာမှဆေးရုံသွားရမယ်..။

"သားရေဂျောင်ကုလာမြန်မြန်လာသယ်ပေးအုံး."

"ဟုတ်မေမေ"

"သားမျက်နှာကဖြူဖတ်ဖြူရော်နဲ့ ဘာဖြစ်နေတာလဲ ​နေမကောင်းဘူးလား ​ဆေးခန်းသွားမှဖြစ်မှပါ ကဲအဝတ်အစားသွားလဲ သားကြည့်ရတာ အရမ်းပိန်ပြီးဖြူရော်လွန်းနေတယ် ​မေ့မေ့အသိ ဆရာဝန်မဆီသွားရအောင် သားရေလုပ် မြန်မြန်"

"ဟုတ်မေမေ"

ဆေးခန်းတွင်...။

ဆရာမကသူ့ကိုစမ်းသတ်ပြီး ပြုံးရွင်နေလေသည်။ လူကနာကျင်ပြီးအန်ချင်နေပါတယ်ဆိုမှဒုက္ခပါပဲ။

"ဖြစ်တတ်ပါတယ်ဒါက joneမျိုးရိုးတို့များနော် သားလေး အိမ်ထောင်ကျတာ မဖိတ်ပါလား ကိုယ်ဝန်ရမှပဲ ကျွန်မဆီရောက်လာတော့တယ် ဘာပဲဖြစ်ဖြစ်ဂုဏ်ယူပါတယ်"

လေရူးသုန်သုန်(complete) Where stories live. Discover now