Zawgi
Jk
နှုံးနေသော ခန္ဓာကိုယ်ကြောင့် လေးပင်စွာထမိသည်။
ယွန်းဂိကတော့မရှိပေ။ ခုချိန်ဆို ကျောင်းကို သွားလောက်ပြီပေါ့။ နာရီကြည့်လိုက်တော့ ၉ နာရီထိုးနေခြေပြီ။ ရေးချိုးခန်းထဲသွားရန် ထလိုက်တော့ ခါးရိုးတစ်လျှောက်က နာကျဉ်လာလေသည်။
ခပ်ဖြည်းဖြည်းရေချိုးခန်းဆီသွားမိသည်။မျက်နှာသစ်ပြီး လည်ပင်းကိုရေသုတ်ရန် ဖယ်လိုက်တော့
နေရာအနှံအပြားမှာအနီကွတ်တွေက အထင်းသား
အစ်ကိုများအထင်သေးမလား။ သူကပါ အလိုတူအလိုပါ ဖြစ်ခဲ့သောကြောင့်ပိုင်းလုံးကောင်လို့ ပြောမလား။
မိန်းကလေးဖြစ်နေရင်လည်း တာဝန်ယူခိုင်းရရဲ့။
ခုတော့သူကယောက်ျားလေးတစ်ယောက်...။
ပြီးဆုံးသွားတဲ့ဇာတ်လမ်းကို အစကပြန်စဖို့ မဖြစ်နိုင်တော့ပေ။ သူကတိပေးခဲ့ပြီးပြီပဲ မတတ်နိုင်ဘူးလေ....။ဝေ့သီလာသော မျက်ရည်တွေက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည့် ကြားက ပါးပြင်ပေါ်သို့ စီးကြလာလေသည်။ ခုချိန်ထိ မစွန့်လွတ်နိုင်သေးဘူးအစ်ကို......။
....
ကျောင်းရောက်တော့ ဆရာမကနောက်ကျလို့ဆူနေသေး
သည်။ အခန်းထဲဝင်တော့မြင်ရသည့်မြင်ကွင်းက ရင်ဝကိုစောင့်ကန်လိုက်သည့်အလား။ ဂျီမင်းနဲ့အစ်ကိုဂျွန်းဟာ ကလူကြည်စယ်နေလေသည်။နာသည် ရင်ဘတ်ထဲကနာသည်။ အသည်းထဲက နာသည်။တစ်ခါတစ်လေမှာ လူတွေဟာ မသက်ဆိုင်မှန်းသိပေမဲ့ သက်ဆိုင်ကြောင်း အတည်ပြုချင်ကြသည်။ အခုတော့ ဘယ်လိုဖြစ်လဲ အင်း မသက်ဆိုင်မှန်းသိလိုက်ရသည့် အခိုက်အတန့်ပေါ့။ မခံမရပ်နိုင် ဖြစ်လိုက်တာလို့ ပြောရမလားပဲ။
အင်မတန်မှခက်ခဲသည့်အပိုင်း မနေ့ကနဲ့ဒီနေ့ဟာ
မတူညီနိုင်ပေ...။"ဂျောင်ကု စာမေးပွဲတွေဖြေဖို့သိပ်မလိုတော့ဘူး ငါတို့အတူစာလုပ်ကြမယ်လေ အစ်ကိုဂျွန်းလဲပါမှာ ယွန်းဂိကော လာခဲ့လေအတူစာလုပ်တော့ ရတာပေါ့"
"တော်ပါပြီစိတ်မဝင်စားဘူး ငါရယ်ဂျောင်ကုရယ်က အိမ်မှာပဲလုပ်ရမှာ မားမားကမလွတ်ဘူး"