{5}

1.7K 166 2
                                    

(Unicode)


လှိုင်းလုံးလေးတွေရဲ့အသံကိုသေချာနားထောင်ကြည့်၊ လန်..
ကြားရရဲ့လား..
ကိုယ်ပါးလိုက်တဲ့လက်ဆောင်စကားလေးကို...။


                         ...........

"လူလေးတို့ပြောတဲ့ ကျွန်းကဒီကနေဆို တော်တော်သွားရမှာကွဲ့"

ဦးလေး'ဖုန်း'ရဲ့အပြောစကားကို ရိပေါ်ခေါင်းတငြိမ့်ငြိမ့်နဲ့အသိမှတ်ပြုလိုက်တယ်။ ရှောင်ကျန့်ကတော့ တစ်ခုခုကိုစဉ်းစားနေသလို။ တွေဝေနေဟန်နဲ့။ ပြီးတော့သူ့အတွေးတွေကို ဦးလေး'ဖုန်း' ကို‌‌ပြောပြတယ်။

"အဲ့လိုဆို..ဦးလေး... ကျွန်တော်တို့ဘယ်လောက်ကြာကြာနေရင်အဆင်ပြေမလဲ... ပြီးတော့လုံခြုံမှုရှိပါ့မလား... ကျွန်တော်တောင်အဲ့ကျွန်းကြားတောင်မကြားဖူးဘူး"

"ဟုတ်တယ် အာကျန့်ရဲ့ ... ကျွန်းကပြောရရင် တရုတ်ရေပိုင်နက်ထဲဝင်တယ်ဆိုရုံလေး..ပြီးတော့လည်း... ချောင်ပင်လယ်နားလို့သာပြောတာ..တကယ်ကချောင်ပင်လယ်နယ်နိမိတ်ထဲမဝင်ဘူးကွဲ့ ..."

"အာ...အဲ့လိုလား..."

"ဟုတ်တယ်.. လုံခြုံမှုကတော့ရှိပါတယ်.. ဦးလေးသူငယ်ချင်းတွေထဲတောင်အဲ့ကျွန်းဘက်ရောက်ဖူးတဲ့သူတွေရှိတယ်ကွဲ့ ..ဦးလေး နောက်နေ့မှမေးကြည့်ပေးမယ်.."

"ဟုတ်ဦးလေး..ရပါတယ်..ဒီလောက်နဲ့တင်ပဲလုံလောက်နေပါပြီ ဟီး.."

ဦးလေးဖုန်းကလည်း သူသိသမျှ သေချာရှင်းပြသလို၊ ရှောင်ကျန့်ကလည်းသေချာလိုက်နားထောင်နေမိတယ်။ ရိပေါ်တစ်ယောက်ကတော့ စာအုပ်တစ်အုပ်ထဲဘာတွေရေးမှတ်နေလဲမသိ။

ပြောရရင်သူတို့ ခရီးစဉ်တစ်ခုကိုစီစဉ်နေတာ။ စာအုပ်တစ်အုပ်ပြပြီး စတင်လိုက်တဲ့သူက ရိပေါ်ဆိုပေမယ့် အစစအရာအရာ စီစဉ်မိသူကတော့ ရှောင်ကျန့်ပင်။ သူကိုယ်တိုင်လည်းစိတ်ဝင်စားမိတာကြောင့်လည်းပါတာပေါ့။ အဲ့တာကြောင့်ပဲ ဦးလေး'ဖုန်း'တို့ ငါးဖမ်းသမားတွေ နေ့လယ်ခဏနားချိန်၊ ဦးလေး'ဖုန်း'ရဲ့ စက်လှေပေါ်တက်လာကာ စပ်စုနေမိခြင်း။

ပင်လယ်ပြာပုံပြင်Where stories live. Discover now