{14}

1.2K 131 10
                                    

(Unicode)

ရိပေါ်ပေကျင်းမှာရှိနေတာ နှစ်ပတ်ရှိပြီ။ ဘွားဘွားရဲ့ရောဂါကခုထိမသက်သာသေးတာမို့ ခုထိမပြန်နိုင်ဖြစ်နေတာ။ နေမကောင်းဘူးပြောနေပေမယ့် ရောဂါကိုသေသေချာချာမသိရဘူး။ ဆရာဝန်‌နေ့တိုင်းလာတယ်။ ဆေးစစ်တယ်။ အသက်ကြီးတာကြောင့်ဖျားတာကရက်ရှည်နေတာ ဆိုပြီးပြောတယ်။ ပြီးတော့ပြန်တယ်။ ရက်ကြာနေတာကြောင့် ဆေးရုံတက်မလားဆိုတော့လည်းမဟုတ်ဘူး။ ဘွားဘွားကအသည်းသန်ငြင်းတယ်။ရိပေါ်နားမလည်နိုင်တာကအဲ့တာပဲ။ဘာလို့များ ဒီလိုမျိုးတွေဖြစ်နေရတာလဲ။ စိတ်ထဲတဖြည်းဖြည်းနဲ့ထူးဆန်းလာသလိုပါပဲ။ သူမ‌သိသေးတဲ့ ကိစ္စတွေရှိနေသလိုခံစားလာမိတယ်။

"ရိပေါ်...ဘာတွေတွေးနေတာတုန်း.."

ရိပေါ်ပြူတင်းပေါက်ကနေ ခြံထဲလှမ်းကြည့်ရင်းအတွေးလွန်နေတုန်းမှာပဲ၊ ကုတင်ပေါ်ကအဘွားဖြစ်သူရဲ့ ခေါ်လိုက်သံကြောင့် အတွေးစတို့ပြက်တောက်သွားတယ်။

"ဘာမှမဟုတ်ပါဘူး..ဘွားဘွား..ဒီလိုပါပဲ"

"ဒီနားကိုလာပါဦးငါ့မြေး...."

"ဟုတ်.."

ရိပေါ် ဘွားဘွားနားကိုသွားလိုက်တယ်။ ဘွားဘွားအသက်က ၇၀၊ ငယ်ရွယ်နုပျိုမှုတွေမပျောက်သေးဘူး။ စိတ်ကြီးပြီး၊ နည်းနည်းတော့ဘုဘောက်နိုင်တယ်။ ပြီးတော့ စိတ်ထဲ ဘာတွေတွေးနေတယ်ဆိုတာ မသိနိုင်တဲ့လူမျိုး။ ရိပေါ်ဘွားဘွားနဲ့နေတာကြာပြီ
ဆိုပေမယ့် ဘွားဘွားကိုသိပ်နားမလည်နိုင်ဘူး။ ပြောရရင် ရိပေါ်အကျင့်‌တွေ‌တော်တော်များများကလည်း အဘွားနဲ့သွားတူတာ။ ရိပေါ်ဘွားဘွားနားကိုရောက်လာတော့ ဘွားဘွားကပြုံးပြီးကြည့်တယ်။

"ငါ့မြေးဘာတွေဖြစ်နေတာတုန်း... တစ်ခုခုအသည်းသန်စဉ်းစားနေသလိုပဲ.."

"မဟုတ်ပါဘူး ဘွားဘွားရဲ့...ချောင်မြို့မှာကျန်ခဲ့တဲ့အလုပ်တွေအကြောင်းတွေးနေတာ..."

"အဲ့တာဆို...မြေးက ချောင်မြို့ကိုပြန်သွားဦးမယ်ပေါ့..."

"ဟုတ်...ကျွန်တော်အဲ့မှာနေရတာကြိုက်တယ် ဘွားဘွား..."

ရိပေါ်ရဲ့စကားသံအဆုံးမှာ ဘွားဘွားရဲ့မျက်နှာမှာအမျိုးအမည်မသိတဲ့အပြုံးတစ်ခုပေါ်ပေါက်လာတယ်။

ပင်လယ်ပြာပုံပြင်Where stories live. Discover now