{12}

1.2K 143 3
                                    

(Unicode)

ကြားလိုက်ရတဲ့စကားသံကြောင့်ရှောင်ကျန့်ရင်ထဲတင်းကြပ်သွားရတယ်။ ဒီလိုရုတ်တရက်ကြီး ထွက်သွားတော့မယ်ဆိုတော့ စိတ်ထဲတစ်မျိုးကြီးပဲ။

"ဘာ...ဘာလို့လဲ?"

ရှောင်ကျန့်မေးလိုက်တယ်။ ရှောင်ကျန့်အသံမှာအနည်းငယ်စိုးထိတ်မှုတွေပါဝင်နေတယ်။

"ကိုယ့်ဘွားဘွား‌တော်တော်လေးနေမကောင်းဖြစ်နေတယ်တဲ့...အဲ့တာကြောင့်ကိုယ့်ကိုဖုန်းလှမ်းဆက်တာ...အခြေနေကဘာမှန်းသေသေချာချာမ‌သိရသေးပေမယ့်...ဒီလိုဖုန်းလှမ်းဆက်လိုက်တော့...ကိုယ်သွားကိုသွားသင့်တယ်လို့ထင်လို့..."

ရိပေါ်ကစကားအရှည်ကြီးကို စိတ်မောစွာနဲ့ပဲပြောလိုက်တယ်။ ဖြစ်နိုင်ရင်တော့ သူလည်းမပြန်ချင်။ဒီမြို့လေးမှာနေရတာရိပေါ်အတွက်ပိုပြီးစိတ်အေးချမ်းရတယ်‌လေ။ သူ့လိုပဲစိတ်မချမ်းမြေ့နေပုံရတဲ့ရှောင်ကျန့်ကိုရိပေါ်လှမ်းကြည့်လိုက်တယ်။ ရှောင်ကျန့်ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီးပြုံးပြလိုက်တယ်။

"စိတ်မပူပါနဲ့....ကိုယ်ဟိုမှာသိပ်အကြာကြီးမနေပါဘူး..မကြာခင်ပြန်လာမှာပေါ့"

"အင်းပါ...ဘာမှမဖြစ်ပါဘူး..သွားရမှာပေါ့ ခင်ဗျားရဲ့အဘွားပဲဟာ..အဲ့တာဆိုပြန်ကြရအောင်လေ..ခင်ဗျားမနက်ခရီးထွက်ရဦးမှာဟာ..."

ရှောင်ကျန့်ပြုံးပြနေပေမယ့် ရိပေါ်ခံစားမိတယ်။ ရှောင်ကျန့်အပြုံးတွေမှာ ဝမ်းနည်းနေတဲ့အရိပ်ယောင်တွေပါနေတယ်ဆိုတာ။

"အင်း...ဟုတ်ပြီ.."

ရိပေါ်တို့ရဲ့အိမ်အပြန်လမ်းလေးကတော့တိတ်ဆိတ်နေတယ်။ နှစ်ယောက်ရဲ့ခေါင်းထဲမှာတော့အတွေးကိုယ်စီနဲ့။ ပြောရရင် ဒီနေ့တစ်နေ့လုံး သတင်းကောင်းဆိုပြီးမရှိခဲ့ဘူး။ ပထမ 'လန်'ဆိုတဲ့လူကလောကကြီးထဲမရှိတော့ဘူး..။ ဒုတိယအနေနဲ့ ရိပေါ်ကကောက်ခါငင်ကာကြီး ပေကျင်းပြန်ဖို့ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျန့်ကတော့ တစ်ခုမှကိုသဘောမကျချင်ဘူး။

.............

အိမ်ကိုပြန်ရောက်လာတဲ့အခါမှာ မျက်နှာမကောင်းဖြစ်နေတဲ့ ရှောင်ကျန့်တို့ကို မားကတီဗွီကြည့်နေရာကနေလှမ်းကြည့်တယ်။ ဘာတွေဖြစ်လာကြလဲမသိပေမယ့် သူမဘာမှမမေးဖြစ်။ ရှောင်ကျန့်က အပေါ်ထပ်ကိုတန်းတက်သွားတယ်။ တစ်ခုခုပြောပြချင်နေပုံရတဲ့ ရိပေါ်ကတော့ သူမအနားလာထိုင်တယ်။

ပင်လယ်ပြာပုံပြင်Where stories live. Discover now