{11}

1.3K 142 14
                                    

(Unicode)

ရှောင်းကျန့်နဲ့ရိပေါ်တို့ ကော်ဖီတူတူသောက်ပြီးတဲ့နောက်မှာ 'ချောင်မန်' ဆိုတဲ့ဆိုင်ရှိရာဆီကိုထွက်လာခဲ့တယ်။ ရိပေါ်ပြောပြထားလို့ ရှောင်ကျန့်လဲသိသင့်သလောက်သိနေပြီလေ။ အဲ့ဒီတော့သူတို့နှစ်ယောက် မားအပြန်လာစောင့်ပြီးတာနဲ့ ကားနဲ့မြို့ထဲကိုဆင်းလာခဲ့တော့တယ်။

"လမ်းညွန်သူရဲ့စကားအရတော့ ဒီနေရာပဲ..ရှောင်ရှောင်ကျန့်လေး.."

ကားစက်သတ်ပြီးပြောလိုက်တဲ့ ရိပေါ်ရဲ့စကားသံကြောင့် ရှောင်ကျန့် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ ပြောရရင်သူတောင်ဒီနေရာမရောက်ဖူး။ ပတ်ဝန်းကျင်တိတ်ဆိတ်ပြီး လူအသွားအလာနည်းတယ်။ အိမ်တွေ‌‌ တော့ရှိတယ်။ ဒါပေမယ့်လမ်းကလည်းကျဉ်းတယ်။ ဒီလမ်းကျဉ်းရဲ့အလယ်လောက်မှာမှ ရိုးရာအိမ်ပုံစံနဲ့ထီးထီးကြီးရှိနေတဲ့ဆိုင်တစ်ဆိုင်။ ဆိုင်ကလက်ရှိမှာတော့ အဟောင်းနွမ်းတဲ့အငွေ့သက်တွေရနေပေမယ့် တစ်ချိန်တုန်းကတော့ ဒီဆိုင်ဟာတကယ့်ကိုသစ်လွင်ပြီး နာမည်ကြီးခဲ့တဲ့ဆိုင်ဖြစ်မှာ။

ရှောင်ကျန့်တို့ဆိုင်ထဲကိုအသာဝင်သွားလိုက်တယ်။ ဆိုင်ကလူအရှင်းလွန်နေတယ်။ စားပွဲထိုးတစ်ယောက်တောင်မှမတွေ့မိသလို။ တစ်ချို့ခုံတွေဆိုလည်းဖုန်တောင်တက်လို့။ ရှောင်ကျန့်နဲ့ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ပြီး ဒီအတိုင်းပဲရပ်နေမိတယ်။ ဆိုင်အဟောင်းကြီးများလားမသိ။ ဒါပေမယ့်ဆိုင်က နေအိမ်နဲ့တွဲစပ်ထားတာမို့ လူတော့ရှိလောက်မှာ။

"အိမ်ရှင်တို့ ."

ရှောင်ကျန့်ခပ်ကျယ်ကျယ်လေးလှမ်းအော်လိုက်တော့ အိမ်ထဲကနေ စွပ်ကျယ်လက်ပြက်၊ ဘောင်းဘီတိုနဲ့ ၁၂၊၁၃ နှစ် ဝန်းကျင်‌ကောင်လေးတစ်ယောက်ထွက်လာတယ်။ ရှောင်ကျန့်တို့ကိုမြင်တော့အံ့ဩသွားသလို..၊ ပြီးတော့ ရွှင်မြူးစွာနဲ့ပဲ အိမ်ဘက်ကိုလှမ်းအော်လိုက်တယ်။

"အဘိုးရေ...ဆိုင်မှာလာစားတဲ့သူတွေနဲ့တူတယ်ဗျို့!"

လှမ်းအော်လိုက်ပြီးချက်ချင်းပဲ ရှောင်ကျန့်တို့ဆီရောက်လာကာ၊ တက်ကြွစွာ‌ပြောတယ်။

ပင်လယ်ပြာပုံပြင်Where stories live. Discover now