{20}Final

2.3K 161 17
                                    

(Unicode)

ခပ်မြင့်မြင့်ကျောက်ဆောင်တစ်ခုပေါ်မှာထိုင်ပြီးရှောင်ကျန့်ပင်လယ်ကြီးကိုငေးကြည့်နေမိတယ်။ ပင်လယ်ပြင်ကြီးကမျက်စိတစ်ဆုံးပဲ။
ဟိုးလှမ်းလှမ်းမှာ ‌ရိပေါ်နဲ့အတူတူသွားခဲ့တဲ့ ကျွန်းလေးကိုတောင်ရေးတေးတေးလေးမြင်နေရတယ်။ အင်း...ရိပေါ်ကိုတောင်သတိရသွားမိပြီ။ ရိပေါ်ရော အခြေနေဘယ်လိုရှိလဲမသိ။ မနက်ဖြန်တော့ပြန်လာမယ်ထင်ပါတယ်။ ရိပေါ်က ကတိပေးသွားခဲ့တာမို့ ကတိတည်မှာ..။

ရှောင်ကျန့်ဟိုငေးဒီငေးလုပ်နေရင်းကပဲ နာရီကိုလှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ နောက်ကျနေပါပြီ၊ သူ လျန်ရှင်းနဲ့ မြို့ထဲ‌ လျှောက်သွားမယ်ပြောထားခဲ့တာ။ ရှောင်ကျန့် ပြူးပြူးပြာပြာနဲ့ ကျောက်ဆောင်ပေါ်က ပြေးဆင်းလိုက်တယ်။ ကံဆိုးတာက နမော်နမဲ့နိုင်လွန်းတဲ့ ရှောင်ကျန့်က ကျောက်တုံးတစ်ခုကိုနင်းလိုက်တဲ့အချိန်မှာ ခြေချော်ကျတယ်။

"အင့်.."

ဒါပေမယ့် ကံကောင်းသွားတာက၊ ရှောင်ကျန့်ကို လှမ်းထိန်းလိုက်တဲ့ လူတစ်ယောက်ရှိနေတာပဲ။ ရှောင်ကျန့်တစ်ယောက် အဲ့လူရဲ့ ရင်ခွင်ထဲ အရှိန်နဲ့ရောက်သွားတာမို့ အင့်ခနဲပဲ။

"ချီးထုပ်လေး..နမော်နမဲ့နဲ့ "

ရှောင်ကျန့်ကိုရင်ခွင်ထဲထည့်ထားတဲ့လူဆီက ရယ်ကျဲကျဲနဲ့အသံထွက်လာတာမို့ ရှောင်ကျန့် တအံ့တဩမော့ကြည့်ရင်း ရေရွတ်လိုက်မိတယ်။

"ရိပေါ်...ခင်ဗျားဘယ်လိုလုပ်.."

"‌ကိုယ်က ရှောင်ကျန့်‌လေးကိုလွမ်းနေတာလေ..ရှောင်ကျန့်‌လေးကရောမလွမ်းဘူးလား"

ရိပေါ်ကပြုံးစိစိလုပ်ရင်းပြောတော့ ရှောင်ကျန့် နာခေါင်းနည်းနည်းရှုံ့မိသွားတယ်။ လူကိုခေါ်နေတဲ့ အခေါ်ဝေါ်တွေများစုံနေတာပဲ။

"ဘာလဲ..ခင်ဗျားအခုပြန်လာတာလား"

"ဒါပေါ့ ရှောင်ကျန့်လေးနဲ့အတူတူနေရမယ်လေ"

ပင်လယ်ပြာပုံပြင်Where stories live. Discover now