{17}

1.2K 121 4
                                    

(Unicode)

အခန်းလေးကလူသုံးယောက်ရှိ‌နေပေမယ့်တိတ်ဆိတ်နေတယ်။ ရှောင်ကျန့်ရယ်၊ ရိပေါ်ရယ်၊ လန်ဘိုးဘိုးကြီးရယ်။ လန်ဘိုးဘိုးကြီးက ရိပေါ်ယူလာတဲ့ ဒိုင်ယာရီစာအုပ်လေးကို မြတ်မြတ်နိုးနိုးနဲ့ကြည့်‌နေတယ်။ အထူးသဖြင့် စာအုပ်လေးရဲ့ အဖုံးကပျက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်ပုံလေးကိုကြည့်နေတာ။ မျက်လုံးတွေကတစ်စုံတစ်ခုကိုလွမ်းဆွတ်နေသလို၊ ပြုံးယောင်လည်းသန်းနေသေးတယ်။  ပြီးတော့လွမ်းမောနေတဲ့မျက်လုံးတွေနဲ့  တစ်နေရာကိုငေးကြည့်တယ်။

"ဒီစာအုပ်အဖုံးထဲကပုံလေးက..အဘိုးဆွဲခဲ့ဝာာလေ..သူကအဘိုးထက်အသက် ၈နှစ်ကြီးတယ်...
အရမ်းနုနေတာကြောင့် ပထမတော့မသိခဲ့ဘူးတစ်နှစ်၊နှစ်နှစ်ပဲကွာမယ်လို့ပဲထင်ခဲ့တာ..ဟား..ဟား..စစတွေ့တုန်းကမူးရူးနေတာများ..."

ဘိုးဘိုးကြီးလန်ရဲ့မျက်ဝန်းတွေကဝမ်းနည်းရိပ်တွေ တဖြည်းဖြည်းတိုးလာပေမယ့် နှုတ်ခမ်းတွေကပြုံးယောင်သန်းနေသေးတုန်းပဲ။

"ကျွန်တော်တို့ကိုမှတ်မိသလောက်ပြောပြပါလား..."

ရိပေါ်ကဝင်တောင်းဆိုလိုက်တယ်။

"အကုန်မှတ်မိတာပေါ့...သူနဲ့ပတ်သက်သမျှကို.."

ဇာတ်လမ်းအရှည်ကြီးကိုပြောပြဖို့ပြင်နေတဲ့ ဘိုးဘိုးကြီးလန်ကြောင့် ရှောင်ကျန့်တို့ တိတ်ဆိတ်စွာငြိမ်ပဲနေလိုက်တယ်။ အဘိုးအိုက ဒိုင်ယာရီစာအုပ်လေးရဲ့ ပထမတစ်မျက်နှာကိုဖွင့်လိုက်တယ်။ ဒီလိုမျိုးနဲ့ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကပြန်ပြီးအသက်ဝင်လာခဲ့တယ်။

..........

"ငါစိတ်ညစ်ညစ်နဲ့ ခရီးတွေထွက်ဖြစ်ခဲ့တယ်...
'ချောင်' ဆိုတဲ့ပင်လယ်ကမ်းစပ်မြို့လေးကိုငါရောက်ခဲ့တယ်..
ညလယ်ခေါင်ကြီးကမ်းစပ်မှာထိုင်သောက်ပြီး မူးမူးနဲ့ရေထဲထိဆင်းသွားတဲ့ငါ့ကို လူတစ်ယောက်က ကယ်ခဲ့တယ်လေ...
ဘယ်သူထင်မလဲ..အဲ့လူကငါ့ဘဝအတွက်အရေးပါးဆုံးလူတစ်ယောက်ဖြစ်လာခဲ့မယ်လို့...
နောက်နေ့မှာကျေးဇူးတင်ကြောင်းပြောရင်းငါအဲ့ဒီလူနဲ့ရင်နှီးခဲ့တယ်...
ပြီးတော့သိခဲ့ရတာ..သူနာမည်က 'လန်'တဲ့...။ "

ပင်လယ်ပြာပုံပြင်Where stories live. Discover now