"Is this really a pudding?.....
( ဒါကြီးကတစ်ကယ်ပဲ ပူတင်းလား..)"အရှေ့ကအစားအစာကိုကြည့်ပြီး ရှုံ့မဲ့မဲ့မေးတဲ့ ဖြူဥဥအာရှသားကောင်လေးရဲ့စကားကို တည်းခိုဆောင်ပိုင်ရှင် အမျိုးသမီးငယ်လေး ကာရာက အော်ရယ်တယ်...။
သူမက ဒီကောင်လေးကို စကားမပြောတတ်ဘူးတောင်ထင်နေခဲ့တာ....။ ဒီကောင်လေးက သူမတို့ တည်းခိုခန်းကိုစလာတော့ ခရီးသွားအေဂျင်စီကအေးဂျင့်က အခန်းငှားတာအစအဆုံး လုပ်ပေးခဲ့တာ...။ ဒီကောင်လေးက တည်းခိုဆောင်က ကျွေးသမျှကို စားပြီးရင် ရှေ့ဆိုင်က ဘီယာဝယ်ပြီးကျောပိုးအိတ်လေးလွယ်ပြီး ထွက်သွားတတ်တယ်...။ ညဥ့်နက်မှပြန်ရောက်လာတာ....။ သူမအမြင်အရပြောရမယ်ဆို ဒီကောင်လေးက မဖြစ်မနေမို့ တာဝန်အရ အသက်ရှင်နေရတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ....။
ဒီကောင်လေးက သီးသန့်ဆန်လွန်းတယ်...။
ဒီကို စရောက်ကတည်းက ကောင်လေးက တစ်ယောက်ယောက်နဲ့ စကားပြောတာကို သူမမမြင်ဖူးဘူး။ ဒီနေ့ဒီကောင်လေးရဲ့ အသံကိုပထမဆုံးကြားဖူးတာပဲ...။"Of course,It's a traditional Irish food,black pudding....you should give it a try........
(ဒါပေါ့...ဒါကအိုင်းရစ်ရိုးရာအစားအစာ Black pudding လေ...စမ်းစားကြည့်ပါ...)"အာရှသားကောင်လေးက ခေါင်းအသာငြိမ့်ပြီး စားကြည့်တယ်...။ ပြီးတာနဲ့ ဇွန်းကိုချတယ်....။
"You better give me a bread....
( ကျွန်တော့်ကိုပေါင်မုန့်ပဲ ပေးပါတော့.....)"ကာရာကရယ်ရယ်မောမောနဲ့ ပဲ ကောင်လေးလိုချင်တဲ့ ပေါင်မုန့်ကို သွားယူပေးလိုက်တယ်...။ ဒါပေါ့...ဝက်သွေး၊၀က်ဆီနဲ့ ရောပြီးလုပ်ထားတဲ့ ပူတင်းကို အာရှသားလေးက ဘယ်စားနိုင်ပါ့မလဲ....။ သူတို့က ကြက်ဥနဲ့ပဲကြိုက်မှာပေါ့....။
ကောင်လေးက ပေါင်မုန့်ရတာနဲ့ မုန့်ကိုစက္ကူနဲ့ပတ် ကျောပိုးအိတ်ထဲထည့်ပြီး ထထွက်သွားတယ်...။ ဒီကောင်လေး ကမ်းခြေဖက် သွားဦးမယ်လို့ သူမထင်တယ်...။ ဟိုနေ့က ဒီကောင်လေးကို ရွာဟောင်းက သင်္ချိုင်းဘက်မှာတွေ့ခဲ့သေးတယ်လို့ စားဖိုမှူးကြီးက ပြောတယ်...။ ဒီကောင်လေးက ကျောပိုးအိတ်တစ်လုံးနဲ့ ဒီနားတစ်ဝိုက်ကိုလျှောက်သွားနေတာပဲ.....။