ချုံချင်ကိုပြန်ရောက်တဲ့အခါ ယိုယွင်းစပြုနေတဲ့ ယုန်ခြံလေးကြောင့် ရှောင်းကျန့်က ယုန်ခြံလေးကိုအသစ်ပြန်ပြင်တယ်.....။
ရိပေါ်က သူကူမယ်ဆိုပြီး သစ်သားချောင်းတွေကူဖြတ်ပေးတယ်.....။
နောက်တော့ ယုန်ခြံက တစ်တိုင်တိုတစ်တိုင်ရှည်နဲ့ကိုးရို့ကားယားပဲ......။ဒီကို့ရို့ကားယားလက်ရာလေးကိုလည်း ရှောင်းကျန့်ကတန်ဖိုးထားတယ်....။ ဆေးသေချာသုတ်ပြီး ကြည့်မဝဖြစ်နေတော့ ရိပေါ်ကပြုံးလို့ပျော်လို့ ...။
သူတို့နှစ်ယောက်လုံးက အသက်၄၀ကျော်လူလတ်ပိုင်းထဲဝင်လာပြီဆိုတော့ အရင်လို သိပ်ရိုမန်တစ်ဆန်တဲ့ အပြုအမူမျိုးတွေတော့ သိပ်မလုပ်ဖြစ်တော့ဘူး....။
တစ်ယောက်ကိုတစ်ယောက်အပျောက်မခံ ဘာလုပ်လုပ်အတူတူလုပ်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတိုင်း အကြောင်းမရှိပဲထထရယ်ကြတယ်....။
အသက်ကြီးလာတဲ့သူတို့နှစ်ယောက်က ပန်းပင်တွေစိုက်ဖို့ ဝါသနာပါလာတယ်....။ ရှောင်းကျန့်ကပန်းတွေကို အမျိုးစုံအောင်လျှောက်စိုက်တယ်....။ ရိပေါ်ကတော့ သီးပင်စားပင်တွေစိုက်တယ်....။
မိုးရာသီကလွဲရင် မနက်မိုးလင်းတိုင်း နှစ်ယောက်သား ရွာကိုသွားတဲ့လမ်းက စိုက်ခင်းတွေကြားလမ်းပတ်လျှောက်ကြတယ်....။
ပြန်လာရင်မနက်စာအတူစားတယ်....။ ပြီးရင်နေ့လည်အတွက်ဟင်းချက်ကြတယ်....။အတူတူဆိုပေမယ့် ရှောင်းကျန့်ကပဲ ချက်တာပါပဲ...။ ရိပေါ်ကတော့ မျက်ရည်တဝဲဝဲနဲ့ကြက်သွန်နီခွာကူရုံပဲတတ်နိုင်တယ်....။
အလုပ်တွေအကုန်ပြီးရင် ခြံထဲဆင်းပြီး နှစ်ယောက်သားတကုတ်ကုတ်နဲ့ ကိုယ်စိုက်ထားတဲ့အပင်ကိုယ် ရေလောင်းပေါင်းသင်ကြတယ်....။ ပန်းတွေပွင့်လာရင် ရှောင်းကျန့်ကတစ်အိမ်လုံးဝေနေအောင်ပန်းတွေထိုးထားပြီး ရွာထဲကလူတွေကိုလည်း ၀မ်းသာအားရနဲ့ ပန်းတွေလိုက်ပေးသေးတယ်....။
ရွာထဲကလူတွေက အပြုံးချိုချိုနဲ့ သဘောမနောကောင်းတဲ့ ရှောင်းကျန့်ကို ဝိုင်းချစ်ကြတယ်..။
ရိပေါ်က သူ့ရဲ့ပထမဆုံးသော ရွှေဖရုံသီးကြီးသီးလာတော့ တမြတ်တနိုးနဲ့ အရိပ်တကြည့်ကြည့်ပဲ....။ ရေလောင်းလိုက် ဖရုံသီးကြီးကို ပြုံးပြုံးကြီးထိုင်ကြည့်နေလိုက်နဲ့ သူ့လုပ်အားကြောင့် သီးပွင့်လာတဲ့ ရွှေဖရုံသီးကြီးက ရိပေါ်အတွက် သိပ်ကိုဂုဏ်ယူစရာပဲ.....။