သူမနက်အိပ်ရာနိုးတော့ သူ့ရင်ခွင်ထဲမှာ ရှောင်းကျန့်မရှိတော့ဘူး.....။ ဒါ...အိပ်မက်များဖြစ်နေတာလားဆိုပြီး အထိတ်တလန့်နဲ့ ရိပေါ်ကတစ်အိမ်လုံးကြွက်ကြွက်ညံအောင် ရှောင်းကျန့်ကို အော်ခေါ်တော့တာပဲ....။"အား....ဘာလို့သေမလိုအော်နေတာလဲ.....တိုးတိုးအော် ဦးလေးကြီးရဲ့ ဒီမှာလူအိပ်နေတယ်....ဦးဦးကစားပွဲပေါ်မှာ မနက်စာပြင်ပေးခဲ့တယ်....ရိကျန့်တို့ဖို့ ဆလပ်ရွက်ကုန်နေလို့ ရွာထဲခဏသွားဦးမယ်တဲ့....စာကပ်ထားခဲ့တယ်....တကယ်ပါပဲ ကျောင်းပိတ်ရက်မလို့ အိပ်ရေး၀၀အိပ်ပါမယ်ဆို....."
ဘေးအခန်းက ဖန်ရှင်းလေးက အိပ်ချင်မူးတူးခေါင်းစုတ်ဖွားနဲ့ အခန်းကူးလာပြီး ခေါင်းအုံးနဲ့လာထုမှ ရိပေါ်ကအော်နေတာကိုရပ်တော့တယ်....။ ဖန်ရှင်းကပွစိပွစိပြောပြီး သူ့အခန်းထဲပြန်ဝင်သွားတယ်.....။
ရိပေါ်ကမျက်နှာသစ် အ၀တ်လဲပြီး ရှောင်းကျန့်ပြင်ပေးခဲ့တဲ့ ဆန်းဒဝစ်ကိုကိုက်ပြီး အိမ်ရှေ့ကမေပယ်လ်ပင်ကြီး အောက်မှာ ရှောင်းကျန့်ကို ငုတ်တုတ်သွားစောင့်တယ်....။
ရှောင်းကျန့်က ဆလပ်ရွက်ထုပ်ကြီးဘယ်ညာဆွဲလို့ လမ်းထိပ်မှာပေါ်လာတဲ့အချိန်မှာ ရိပေါ်ကခြံထဲကနေ လုံးခနဲပြေးထွက်သွားတယ်....။
ရှောင်းကျန့်က သူ့ကိုအထုပ်ကူသယ်ပေးမလို့ထင်နေပေမယ့် ရိပေါ်ကသူ့ကိုတောက်တဲ့လိုကပ်နေဖို့ပြေးလာတာ....။ ရှောင်းကျန့်က အထုပ်တွေသယ်ထားရတာ ညောင်းလာတဲ့အထိ သူ့ကိုဖက်တွယ်ထားတဲ့ ၀မ်တောက်တဲ့ကို တော်တော်နဲ့ခွာမရပါဘူး....။
"ကိုကို ထပ်ပျောက်သွားပြီထင်လို့...."
ကောင်လေးက ငိုပြန်တော့ ရှောင်းကျန့်ကအပြစ်မဆိုရက်တော့ပါဘူး....။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်သွားတယ်....။
ချန်ခဲ့သူနဲ့ကျန်ရစ်သူမှာ ကျန်ရစ်ခဲ့ရသူတွေဟာ နောက်တစ်ခါ ထားခဲ့ခံရမှာကြောက်တဲ့ စိတ်ဒဏ်ရာမျိုးရသွားတတ်တယ်တဲ့.....။
ဟုတ်မယ့်ပုံပါပဲ.....။ နောက်တစ်ခါ ရိပေါ်မသိပဲလျှောက်မသွားဖို့ သူဆုံးဖြတ်လိုက်တယ်.....။ ရိပေါ်ကို သူကဘယ်တော့မှမထားခဲ့ဘူးဆိုတာ ယုံအောင်ပြောပြရင်း ဒီကောင်လေးရဲ့ စိတ်ဒဏ်ရာတွေကို သူကကုစားပေးမယ်....။