ရပ်တန့်မနေတဲ့ အချိန်တွေက တရွေ့ရွေ့လည်ပတ်နေတယ်.......။
ခြံထဲမှာ ရှောင်းကျန့်ရဲ့ပန်းပင်တွေ.....ရိပေါ်ရဲ့ သီးပင်စားပင်တွေအမျိုးအစားစုံလာတယ်.....။
မင်္ဂလာနှစ်ပတ်လည်တိုင်း တစ်ပင်စိုက်ခဲ့တဲ့ ခြံနောက်က Red Wood တွေ အပင်၃၅ပင်ပြည့်တဲ့ အချိန်မှာ ရှောင်းကျန့်ရဲ့ဦးခေါင်းတစ်ခုလုံးက ငွေဖြူရောင်ဆံနွယ်တွေပြည့်နေပြီ....။ အရေတွေတွန့်လာပြီ.....။
ရိပေါ်ကမျက်စိတွေ မှုန်လာပြီ......။
မျက်မှန်တကားကားနဲ့ သူ့ရဲ့ အဖိုးကြီးလေး ဟိုတိုက်ဒီတိုက် တိုက်မိပြီး ဒဏ်ရာရမှာစိုးလို့ ရှောင်းကျန့်က စားပွဲခုံတွေ ဆွဲထုတ်ပြီး ခုံအစွန်းတွေကို ဝိုင်းပစ်လိုက်တယ်....။
တံခါးအောက်က ခြေနင်းတန်းတွေအကုန်ဖြုတ်ပစ်တယ်....။ ကြမ်းပြင်ကို အမွှေးပွကော်ဇောတွေ နှစ်ထပ်သုံးထပ်ခင်းတယ်.....။ဝမ်ရှောင်နဲ့ရိကျန့် ယုန်အိုလေးနှစ်ကောင်ရှေ့ဆင့်နောက်ဆင့် သေသွားတုန်းက ရှောင်းကျန့်က ရိပေါ်ရင်ထဲဝင်ပြီး ကြေကြေကွဲကွဲကို ငိုတယ်.....။ ယုန်တွေကဘယ်လောက်ထိအသက်ရှည်မှာလဲ.....။
နောက်လနည်းနည်းအကြာ ကျင်းကော်အိုကြီးသေသွားတဲ့အချိန်မှာတော့ ရှောင်းကျန့် မငိုတော့ဘူး....။ တစ်နေရာကို ငေးငေးငိုင်ငိုင်ကြည့်နေပြီး မျက်ရည်ခိုးခိုးကျတယ်.....။ ရိပေါ်ဖတ်ပြတဲ့ ဟာသစာအုပ်တွေကိုလည်း စိတ်ပါလက်ပါမရယ်နိုင်တော့ဘူး.....။
ဟိုဒီမေ့တတ်လာတဲ့ ရိပေါ်က နေ့တွေရောတယ်.....။ လုပ်ပြီးသားတွေ ခဏခဏပြန်လုပ်တယ်......။ သူစိုက်ထားတဲ့အပင်တွေကို မေ့တယ်....။ ဘယ်တုန်းက ဒီအပင်ကဒီလောက်ကြီးသွားလဲဆိုတာမျိုး ရှောင်းကျန့်ကိုလာလာမေးတယ်.....။
တစ်ရက်မှာ ရိပေါ်က မီးဖိုထဲဝုန်းဒိုင်းဝင်လာပြီးမေးတယ်......။
"ကိုကို.....ကျင်းကော်ရော....ရိကျန့်နဲ့ ၀မ်ရှောင်ရောရှာမတွေ့ဘူး.....ဘယ်ရောက်သွားတာလဲ.....ခြံထဲမှာလည်းမတွေ့ဘူး.......ဘယ်မှာမှလည်းမတွေ့ဘူး......ဒါနဲ့ကိုကိုဒီနေ့နှင်းမကျဘူးလား.....ဘာလို့နေပူနေတာလဲ ဆောင်းတွင်းကြီးကို...."