ဒီနှစ်ရဲ့ဆောင်းဦးမှာ ရိပေါ်... ချုံချင်ကိုရောက်လာခဲ့တယ်...။
ဘယ်သစ်ပင်ကိုကြည့်ကြည့် ရွက်ဝါတွေ တဖွဲဖွဲကြွေနေတဲ့ သစ်ပင်ကြီးတွေက သူ့ကိုပိုလွမ်းအောင်ဆွပေးနေသလိုပါပဲ....။ကျိုးချန်ကောပို့ပေးထားတဲ့ လိပ်စာလေးကိုင်လို့ ရိပေါ်က ဟိုသွားရမလို ဒီသွားရမလိုနဲ့ လမ်းပျောက်နေတယ်....။
တစ်လမ်းဝင်တစ်လမ်းထွက်နဲ့
ချုံချင်ရဲ့လမ်းမတွေထက်မှာ အတော်ကြာလိုက်ရှာတယ်....။ဘယ်လိုမှမတွေ့လို့ ကားပေါ်မှာ စိတ်ရှုပ်ရှုပ်နဲ့ ထိုင်နေတုန်း တစ်ဖက်လမ်းမှာ ကလေးတစ်သိုက်နဲ့ လူတစ်ယောက်ကို ရိပ်ခနဲ လှမ်းတွေ့လိုက်တယ်....။ ကျောပေးထားတဲ့ အဲ့ဒီလူက ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်တယ်....အသားလေးကဖွေးလို့....ကလေးတစ်ယောက်ရဲ့ခေါင်းကို လှမ်းပုတ်တဲ့ ဘယ်ဘက်လက်လေးထက်မှာ အနီရင့်ရင့် Patiek Philippe နာရီလေးရှိနေတယ်....။ ရိပေါ်ရင်ထဲဒိတ်ခနဲမြည်သွားတယ်....။
"ကိုကို !!"
ကားပေါ်ကအရူးတစ်ပိုင်းပြေးဆင်းပြီး လမ်းကူးဖို့ကြိုးစားနေတုန်း ကျောင်းတစ်ကျောင်းက လေ့လာရေးခရီးထွက်လာပုံရတဲ့ ဘတ်စ်ကားသုံးလေးစီးက သူ့မြင်ကွင်းရှေ့ကဖြတ်မောင်းသွားတယ်....။
နောက်ဆုံးဘတ်စ်ကားသွားပြီးခဲ့တဲ့ အချိန်မှာတော့ ထိုလူဟာ နေရာမှာမရှိတော့ပါဘူး....။
ရိပေါ်က အားပြတ်စွာနဲ့ပဲကားပေါ်ပြန်တက်လိုက်ပြီး ကားစတီယာရင်ပေါ်မှောက်လို့ နာနာကျင်ကျင်ငိုတယ်....။ ကိုကိုမဖြစ်နိုင်မှန်းသိနေရက်နဲ့ ကိုကိုများဖြစ်နေမလား..မျှော်လင့်ချက်တွေထားမိတဲ့အခါ အကြိမ်တိုင်း သူနာကျင်ရပါတယ်...။
ဒါပေမယ့်လည်း သူခုထိ အမှတ်မရှိပါဘူး...။ကိုကိုဟာ ဖမ်းဆုပ်ဖို့ကြိုးစားလိုက်တဲ့အချိန်တိုင်း ပျောက်ကွယ်သွားတတ်တဲ့ တိမ်စိုင်ဖြူလေး....။
ပျောက်ကွယ်သွားမယ်ဆိုတာ သိနေရက်နဲ့ ဖမ်းဆုပ်ဖို့ကြိုးစားနေတဲ့ ရိပေါ်ကတော့ တိမ်စိုင်ဖြူလွှလွှတွေကို ထိတွေ့ဖမ်းဆုပ်ထားချင်တဲ့ မိုက်မိုက်မဲမဲကောင်လေးတစ်ယောက်ပါပဲ....။