7 (unicode-zawgyi)

1.6K 148 11
                                    

(unicode)

"ဆယ်ဟွန်း ဘယ်သူတွေလာမှာမို့
အစားသောက်တွေမှာပြီးပြင်ဆင်နေတာလဲ"

ဆယ်ဟွန်းဗူးထဲကဟင်းအချို့ကို
ပန်းကန်ထဲထည့်ရင်း

"ပတ်ချန်းယောလ်ကို ငါ့အ်ိမ်တက်သစ်
ပွဲဆိုပြီးဖိတ်ထားတယ်"

"ဘယ်လို ဘယ်လို"

"ဟုတ်တယ် "

"မင်းခြေလှမ်းစပြီပေါ့ ဆယ်ဟွန်း"

"အွန်း စကားများမနေနဲ့ လာ
ကူပေးအုံး"

မင်ဆော့ပန်းကန်တွေ အဝတ်သန့်နဲ့
သေချာကူသုတ်ပေးရင်း

"ဆယ်ဟွန်း မင်းလုပ်တာကိုငါမတားပါဘူး
ဒါမဲ့ မင်းသတ်ိတော့ထားနော်"

"ဘာကိုလဲ မင်ဆော့"

"ငါပြောချင်တာက မင်းရဲ့တစ်ခါမှမချစ်ဖူးတဲ့
နှလုံးသားနဲ့မထိုက်တန်တဲ့လူတစ်ယောက်ပေါ်
ချစ်မိသွားစိုးလို့ "

ဆယ်ဟွန်း ဟားတိုက်ရီမောလိုက်မိသည်
ကြံဖန်စိတ်ပူနေတာမင်ဆော့ကတော့

"မရီနဲ့လေ ဆယ်ဟွန်း ငါသတိပေးတာ"

"စိတ်ချ မင်းပြောသလို ဘယ်တော့မှ
ဖြစ်လာမှာမဟုတ်ဘူး "

"................"

"ဘာလို့လဲဆိုတော့ ပတ်ချန်းယောလ်ကို
သေလောက်အောင်မုန်းလို့ သူ့အတွက်
ငါ့ရင်ထဲမှာ အမုန်းကလွဲပြီး ဘာမှဖြစ်တည်
လာမှာမဟုတ်ဘူး "

အစ်မဆယ်ဟီးတွက်
ကလဲ့စားချေချင်တဲ့စိတ်တွေသာ
အပြည့်လျှံပါမင်ဆော့ရယ်

"အေးပါ ငါသိပါတယ် ငါကဒီတိုင်း
သတိပေးတာပါ"

ဆယ်ဟွန်း ခေါင်းပဲငြိမ့်ပြလိုက်ပြီး
ဟင်းတွေသာသေချာပြန်ထည့်နေလိုက်သည်

ဆယ်ဟွန်းတို့ပြင်ဆင်ပြီးလောက်မှ
ဖုန်းဝင်လာတယ်

ကြည့်မိတော့ ပတ်ချန်းယောလ်ဆီက
ဆယ်ဟွန်းမကိုင်ပဲ တိုက်အောက်ထပ်သာ
ဆင်းခဲ့လိုက်၏...

"ပတ်ချန်းယောလ်..."

ပန်းစီးကြီးနဲ့အတူ ဘာအထုပ်တွေမှန်း
မသိဘူး တစ်ယောက်ထဲ မနိုင်မနင်းဆွဲလာတာ

Playboy (CHANHUN)Where stories live. Discover now