4 (unicode-zawgyi)

1.5K 182 4
                                    

(unicode)

"ဆယ်ဟွန်း မင်းနောက်မှာ"

ဘေးနားကမင်ဆော့ထံကခပ်တိုးတိုး
ပြောစကားကြောင့်အနောက်လှည့်ကြည့်
မိတော့...

ပတ်ချန်းယောလ်....

ကျစ် ဘာလဲကွာ ဒီကောင်
ငါ့နောက်ကိုဘာသဘောနဲ့လိုက်နေတာလဲ

ဆယ်ဟွန်းကြည့်နေတာသိလို့
ပတ်ချန်းယောလ်က ပြုံးပြ၏

ဆယ်ဟွန်း မျက်မှောင်ကျုံကြည့်ကာ
အရှေ့ပြန်လှည့်တော့...

"ပတ်ချန်းယောလ်က မင်းနောက်
ဘာလို့လိုက်နေတာလဲ"

"ဘယ်သိမလဲ "

"မဟုတ်မှ မင်းအွန်းဘီကိုမြူစွယ်
ခိုင်းတာသိသွားတာလား"

အဲ့လိုမဖြစ်နိူင် မနေ့ကအွန်းဘီနဲ့
တွေ့တော့တောင်ဘာမှမပြောပါဘူး..

ပတ်ချန်းယောလ်နဲ့သူနဲ့ပြတ်ပြီး.ဆိုတဲ့
အကြောင်းပဲပြောတာပါ...

"မဟုတ်လောက်ပါဘူး မသိဘူးကွာ
လာအတန်းတက်မယ် "

အတန်းထဲရောက်တဲ့ထိ ပတ်ချန်းယောလ်က
အခန်းအပြင်ဘက်နားထိပါလာ၏..

အတန်းထဲကကောင်မလေးများ
အော်သံဆူညံသွားတာပဲ..

သူတို့ထဲကတစ်ယောက်ယောက်
လာရှိုးတယ်ထင်ကြလို့နေမယ်

ဒါမဲ့ သူ့မျက်လုံးတွေက ဆယ်ဟွန်း
ဆီသာဝဲခက်နေတယ်....

"မုန်းဖို့ကောင်းလိုက်တာ"

ခပ်တိုးတိုးရွတ်ဆိုရင်း နှုတ်ခမ်းကို
ကိုက်ထားမိသည်..

ဆရာဝင်လာတော့မှသူတို့ပြန်သွားကြတယ်
အဲ့ကျမှစာကောင်းကောင်းသင်နိုင်တော့တယ်.

နေ့လယ်စာစားချိန်ကျ မင်ဆော့နဲ့
စရင်းနောက်ရင်းအခန်းအပြင်ထွက်လာ
တော့လူတစ်ယောက်နဲ့တိုက်မိမလို့ဖြစ်သွား
တယ်...

"အ့ ဆောရီး ကျတော်မမြင်လိုက်လို့ပါ"

ကိုယ့်ဘက်ကအမှားမို့လို့ အရင်တောင်း
ပန်ကာထိုလူကိုကြည့်မိတော့..

သူ့ကိုပြုံးရီကာကြည့်နေတဲ့
ပတ်ချန်းယောလ်

တောင်းပန်မိတဲ့ကိုယ့်ပါးစပ်ကိုရိုက်
ချင်မိတော့သည်

Playboy (CHANHUN)Where stories live. Discover now