10 (unicode-zawgyi)

708 94 4
                                    

(unicode)

"အ့ လွှတ်အုံး အရင်"

ချန်းယောလ် အလန့်တကြား သူ့
ပခုံးလေးကို လွှတ်လိုက်မိသည်

အားနဲ့ဆုပ်ကိုင်ပြီး ဖိထားမိတိုကို

"ဆောရီး ကိုယ်...

"အိမ်ထဲအရင်ဝင်ရအောင်"

ဆယ်ဟွန်းကတစ်ချက်မကြည့်ပဲ
အိမ်ထဲဝင်သွားတယ်

ဟုတ်သားပဲ သူမစဥ်းစားမိဘူး
ဒါ ဟွန်းပတ်ဝန်းကျင်လေ...

အိမ်ထဲဝင်လာတဲ့ထိ ချန်းယောလ်
ဘာစကားမှမပြောပဲ ခေါင်းငုံနေမိတယ်

ဆယ်ဟွန်းကလည်း လက်ပိုက်ကာ
ထိုင်နေသည်

ဆယ်ဟွန်း သူ့ကိုစိတ်ဆိုးသွားပြီလား
သူ တကယ်မှားတာပဲ

စိတ်ကိုရှေ့တန်းလိုက်မိတာ

"ကျနော် ရည်းစားများတာ
ပတ်ချန်းယောလ်သိတယ်မလား"

"အွန်း"

"ဒါနဲ့များ ဘာလို့ ပြီးတော့ ပတ်ချန်းယောလ်
ဆိုတာလည်း ပေါ့သေးသေးမှမဟုတ်တာ"

"ဆယ်ဟွန်း ကိုယ် ခုနပြောတာတွေက
အပျော်သဘောတွဲချင်လို့ မဟုတ်ဘူး"

"အဲ့ဆို တကယ်ကျနော်အပေါ်
ခံစားချက်ရှိနေတာပေါ့ "

"ဟုတ်တယ် ကိုယ်လည်း လုံးဝ
မထင်မှတ်ထားဘူး ကိုယ်မင်းကို
တကယ်ချစ်မိနေတာ"

ဆယ်ဟွန်း ခပ်ပြုံးပြုံးနှင့် ခြေတဖက်ချိတ်
ထိုင်ကာ...

"ဘယ်လိုလုပ်မလဲ ကျနော် အတည်တကျ
တွဲဖို့အစီစဥ်မရှ်ိဘူး ပြီးတော့ ပတ်ချန်းယောလ် ကို ကျနော် စိတ်လည်းမဝင်စားဘူး "

"ဆယ်ဟွန်း ကိုယ်....

ဆယ်ဟွန်း မတ်တပ်ထရပ်ကာ

"ဒီလောက်နဲ့ပဲတော်ရအောင် အရင်ကလို
တော့ ခင်နိုင်ပါတယ်"

"ကိုယ်ပြောတာ ခဏနားထောင်ပါအုံး"

"ဟင့်အင်း ဘာနားထောင်စရာလိုလဲ
ကျနော်က ချုပ်နှောင်တာတွေမကြိုက်လို့
ရည်းစားတစ်ယောက်ကိုကြာကြာတောင်
မထားဘူး

ပြီးတော့ မတွဲခင်ကတည်းက ကျနော်
စိတ်မပါရင် ဆက်မတွဲဘူးလို့ကြိုပြောပြီး
သဘောတူမှတွဲတာ

Playboy (CHANHUN)Where stories live. Discover now