9 (unicode-zawgyi)

750 105 6
                                    

(unicode)

"မင်း ဘယ်ချိန်ထိ အိမ်ထဲအောင်း
နေအုံးမှာလဲ ပတ်ချန်းယောလ်"

ဆံပင်စုတ်ဖွားနဲ့ အိပ်ယာထဲ
ငူငူကြီး ထိုင်နေတဲ့ သူ့ကို ဂျုံဒယ်
စိတ်ပျက်စွာကြည့်မိ၏...

"ဟေျာင့် မေးနေတယ်လေ ကျောင်းလဲ
မတတ်တာ ၁ပတ်ပြည့်ပြီ"

"ငါ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး"

"ဘာလဲ အိုဆယ်ဟွန်းကြောင့်လား"

ချန်းယောလ် ဟင်းခနဲ သက်ပြင်းချလိုက်မိတယ်...

ဂျုံဒယ်ပြောတာလည်း ဟုတ်နေတာပဲလေ

"မင်း တကယ်ကြီး ဖြစ်နေတာပဲ
ချန်းယောလ်"

"ငါလည်း မသိတော့ဘူး အစက
ဒီတိုင်း သဘောကျတာမှတ်နေတာ"

".............."

"အဲ့နေ့က သူ့ချစ်သူအကြောင်းပြောလို့
ပျော်နေတဲ့ သူ့ပုံစံကြောင့် ငါစိတ်ထဲ
နေလို့မကောင်းဘူး ပြီးတော့ သူ့တွက်
ငါကအရှုပ်ထုတ်သက်သက်ကြီးလား "

"ဒါကတော့ကွာ သူနဲ့မင်းကဘာမှ
မှမဟုတ်သေးတာ "

"ဒါမဲ့ ငါသူ့ကိုသဘောကျနေတာ
သူလည်းသိသင့်သလောက်တော့
သိပါတယ်"

"အဲ့ဒါ မင်းဝဋ်လည်တာ"

"ရားးးး ကင်ဂျုံဒယ် ဒီမှာ
ငါအမှန်ကန်ဖီးနေတာနော် "

"အဲ့လောက် ခံစားနေရရင် သူ့ကို
အတိအလင်းဖွင့်ပြောပြီး ကြိုးစား
ကြည့်လိုက်လေ "

"သူက လက်ခံပါ့မလား တော်ကြာ​
စကားပြောခွင့်တောင် မပြောတော့မှာ
ကြောက်တာ "

"လက်ခံ မခံက သူ့အပိုင်ပဲလေ
ငါကအကြံပေးတာ "

ချန်းယောလ် စဥ်းစားခန်းဝင်နေလေတယ်

"ကဲပါ ဖွင့်ပြောလိုက်ပါ ကံကောင်းရင်
သူ့နံပါတ်စဥ်တွေထဲပါရင် ပါသွားနိုင်
တာပေါ့ "

သူ့ရဲ့ နံပါတ်စဥ်?

ဒီစကားက ချန်းယောလ်နဲ့ တကယ်မစိမ်း
ခဲ့ပါဘူး ဒါမဲ့ ကိုယ်အလှည့် အခုလိုပြန်ကြား
လိုက်တော့ အောင့်သက်သက်နဲ့

"အရင်ဆုံး မင်းဇယားတွေကို အရင်ရှင်း
ပြီးရင် သူ့ကိုအတိလင်းလိုက်

Playboy (CHANHUN)Where stories live. Discover now