6 (unicode-zawgyi)

1.7K 166 9
                                    


(unicode)

".ဟိုင်း.....

"ဟင် ခင်များမပြန်သေးဘူးလား"

ပတ်ချန်းယောလ်က မြင်သူတကာကြွေ
မဲ့အပြုံးတွေပြုံးရင် ခေါင်းငြိမ့်ပြလာသည်

"ဘာလို့လဲ "

"ဆယ်ဟွန်းကို လိုက်ပို့ချင်လို့ "

ဆယ်ဟွန်းမျက်ခုံးလေး ပင့်တက်သွား၏
ဇွတ်အတင်း ဇာတ်လမ်းစနေပြီ...

"ဟင့်အင်း ကျတော်သူငယ်ချင်းနဲ့
အတူပြန်မှာမလို့ လိုက်မပို့ပါနဲ့ "

"ဟား စိတ်မကောင်းလိုက်တာ သူ့ကို
လိုက်ပို့ရဖို့ ဒီကအကြာကြီးရပ်စောင့်
နေတာကို "

"ကျတော်က ခင်များကို
စောင့်ခိုင်းမိလို့လား "

သူ့စကားကြောင့် ချန်းယောလ် အနည်း
ငယ်တော့ရှက်မိသွားသည်

ချေလိုက်တာကွာ

"ဟုတ်ပါပြီ ကိုယ်မှားပါတယ် ဒါမဲ့
အဲ့ဒီ ခင်များ ခင်များလို့ မခေါ်ပါနဲ့လား
နာမည်ရှိတယ်လေ "

ဆယ်ဟွန်းက မဲ့ပြုံးပြုံးလိုက်တော့
ချန်း​ယောလ် ငေးမိသွားတာတော့အမှန်ပဲ

ချောလိုက်တာ

"နာမည်ရှိတာသိပါတယ် ဒါမဲ့
ခင်များလို့ပဲ ခေါ်ချင်နေတယ် "

"ဆယ်ဟွန်းကလည်းကွာ.....

"ခင်များ​​​​​ခေါ်လို့ မခင်ချင်လည်း
လာမခင်နဲ့လေ ကျတော် ဘာမှဖြစ်
မသွားဘူး တာ့တာ.."

ဟား...ချေတယ် ချေတယ်....

အရှေ့ကနေ သွားနှင့်တဲ့ ကောင်လေး
နောက်အမြန်ပြေးလိုက်ရ၏

တော်ကြာ ခင်မင်ခွင့်လေးပါ
ပျက်ပြားသွားပါ့မယ်.

"ကဲပါ ဆယ်ဟွန်း သဘောနော်
စိတ်တော့မဆိုးပါနဲ့ "

"ဟက် ကျတော်ပုံစံက စိတ်ဆိုးသွားတဲ့
ပုံပေါက်နေလို့လား "

ဘုကလန့်တွေကျိပြောနေတဲ့ကောင်လေးကို
ချန်းယောလ် ဆက်မပြောရဲတော့

"နောက်ပြီး ကျတော်နဲ့ခင်များက
စိတ်ဆိုးရလောက်တဲ့ထိ မခင်သေးဘူးနော်
အဲ့ဒါကိုမမေ့နဲ့ ကဲ ဆက်လိုက်မလာနဲ့တော့
မနက်ဖြန်မှ တွေ့ကြတာပေါ့ "

Playboy (CHANHUN)Where stories live. Discover now