1 (unicode-zawgyi)

3.9K 217 14
                                    

(unicode)

"အဲ့တော့ မင်းနဲ့ငါ ဒီနေရာတင်ပြီးပြီ"

"ချန်း​ယောလ်အဲ့လိုမလုပ်ပါနဲ့
ငါနင့်နဲ့ဆက်တွဲချင်သေးတယ်"

ချန်းယောလ်ခပ်မဲ့မဲ့ပြုံးကာ လေပူတစ်
ချက်မှုတ်ထုတ်လိုက်မိ၏...

"နင်တွဲချင်ပေမဲ့ ငါမှစိတ်မပါတော့တာ"

"ချန်း​​ယောလ်ရယ် ငါ.....

"ဟေ့...နင်ငါ့ကိုဖွင့်ပြောတုန်းက ငါတို့
သဘောတူထားတာမေ့နေပြီလား"

"မမေ့ပါဘူး ချန်းယောလ်..

"အဲဲ့ဆို ငါတို့ဇာတ်လမ်းပြီးပြီလေ
ကောင်းကောင်းနေရစ်ခဲ့ပါ ဘိုင့်"

အုိဆယ်ဟီးဆိုတဲ့ ချန်းယောလ်ရဲ့
၃၅ယောက်မြောက်ရည်းစားလေးကို
တာ့တာ့ပြကာ ခပ်လှမ်းလှမ်းကနေစောင့်
နေတဲ့သူငယ်ချင်းဂျုံဒယ့်ထံအောင်နိုင်သူ
အပြုံးတို့ဖြင့်သွားလိုက်၏.....

"ကောင်မလေးသနားပါတယ်ချန်းယောလ်ရာ
သူ့မှာမင်းကိုတကယ်ချစ်ရှာတာ"

"ကျစ် နားစမ်းပါ"

"ငုိနေတာထင်ထားပဲ"

"အဲ့ဒါ မာယာလို့ခေါ်တယ် သူငယ်ချင်းရဲ့
ငါကိုတွဲချင်တယ်လာပြောကတည်းက
ငါပြောပြီးသာ ငါစိတ်မပါတဲ့အချိန်လမ်းခွဲ
ပေးရမယ်လို့...အေး သူလည်းသဘောတူ
ခဲ့တယ်လေ အခုမှ အိညက် အိညက်နဲ့
မုန်းလိုက်တာ...

"မင်းကတော့နော် အေးပါ
တစ်နေ့မင်းဝဋ်လည်မယ်"

"သူငယ်ချင်း ပတ်ချန်း​​ယောလ်ဘဝမှာ
အဲ့လိုအဖြစ်မျိုးဘယ်တော့မှရှိမှာမဟုတ်ဘူးနော်"

"အေးပါ အပြောကြီးထားပါ"

"လာပါကွာ ဗိုက်ဆာတယ်
ကြည့်နေ မနက်ဖြန်ငါရည်းစားနဲ့
ပျက်ပြီးဆိုတာနဲ့တွဲဖို့လာမဲ့သူတွေတန်းစီ
နေမယ်ဆိုတာ"

ဂျုံဒယ်ကပိုပြီးဆိုတဲ့အကြည့်တို့ဖြင့်
လက်မောင်းကိုလက်သီးတစ်ချက်ပစ်ထိုးပြီး
အရှေ့ကနေထွက်သွားလေ....

"ဟေျာင့် အမှန်တွေကို မနာလို
ဖြစ်နေတာလားကွာ ဟား ဟား...

"ဖြစ်ရမယ် အထင်ကိုမကြီးတာ"

Playboy (CHANHUN)Where stories live. Discover now