Extra 1: Meeting with Nick

4K 509 9
                                    

ကျွန်မ ဒီနေ့ နစ်(ခ်) ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ 

ငွေရောင်ဆံပင်တွေ ဖွေးဖွေးထနေတဲ့ အဘိုးကြီးပေါ့။ အဘိုးကြီး နစ်(ခ်)က ဇရာနဲ့မလိုက် သန်မာပြီး ကြည့်ကောင်းနေတုန်းပဲ။ ပြီးတော့ သူက ကျွန်မကောက်ရတဲ့ ဒိုင်ယာရီလေးရဲ့ ပိုင်ရှင်လို့လည်း ပြောတယ်။ တစ်နည်းအားဖြင့် ဒိုင်ယာရီလေးကို သိမ်းဆည်းပေးထားရတဲ့သူ တဲ့။


နစ်(ခ်) က စာရွက်အပိုင်းအစတစ်ချို့ကို ကျွန်မကို ပေးတယ်။ 

စာရွက်တွေက အိုဟောင်းနေတဲ့ အထိမ်းအမှတ် ဝါကျင့်ကျင့်အရောင်နဲ့။ အဲဒါတွေက ဒိုင်ယာရီထဲက ဖြဲဆုတ်ခံထားရတဲ့ စာရွက်လေးတွေလို့လည်း ပြောတယ်။ 

ဒိုင်ယာရီပိုင်ရှင် ရိပေါ်က ဒိုင်ယာရီကို စိတ်တိုင်းကျရေးပြီး စိတ်မလိုတဲ့အခါ ပြန်ဖြဲထားတဲ့ပုံပဲ။ မင်တွေ ပျက်နေ၊ ပြန့်နေရတဲ့ အကြောင်းရင်းကတော့ သနားစရာဒိုင်ယာရီလေးက ရိပေါ်ရဲ့ မျက်ရည်တွေနဲ့ရော၊ ရှောင်းကျန့်ရဲ့ မျက်ရည်တွေနဲ့ရော ဆုံတွေ့ခဲ့ရပြီးပြီ တဲ့။


ခဏလေး... ကျွန်မ နားကြားမမှားဘူးဆိုရင် ကျွန်မတို့ ရှောင်းကျန့်ဆိုတဲ့ နာမည်ကို ကြားလိုက်သလားလို့။


နစ်(ခ်) က ဝဲတက်လာတဲ့ မျက်ရည်စကို တို့သုတ်ပြီး သနားစဖွယ် ဝန်ခံတယ်။ ရိပေါ်ကို ပေးခဲ့တဲ့ ကတိကို သူ မတည်နိုင်ခဲ့ဘူးတဲ့။

ပြီးတော့ နစ်(ခ်) က ပုံပြင်တစ်ပုဒ်ကို ပြောပြတယ်။ နည်းနည်းလေးပြောလိုက်၊ သူ့မျက်နှာမှာ ပြုံးယောင်လေး သမ်းသွားလိုက်၊ မောသွားလိုက်၊ ပီတိတွေဖြစ်နေလိုက်နဲ့။ အဘိုးကြီး နစ်(ခ်)က ဒီနှစ်တွေထဲမှာ ဒီဇာတ်ထုပ်ကို သူတစ်ယောက်တည်း သိမ်းထားရတဲ့ပုံပဲ။


အဘိုးကြီး နစ်(ခ်) ပြောတဲ့ ပုံပြင်လေးက အဆုံးသတ်မကောင်းခဲ့ပါဘူး။ အင်းလေ ဒီပုံပြင်က တကယ်ပဲ အဆုံးသတ်မကောင်းခဲ့ဘူးဆိုတာ ကျွန်မ ကောက်ရခဲ့တဲ့ ဒိုင်ယာရီအရ သိပြီးကြပြီမလား။


ပုံပြင်လေးထဲမှာ နစ်(ခ်) ဟာ အသက် ၆နှစ်အရွယ်ကတည်းက စိတ်ထားကောင်းတဲ့ ကောင်လေး ရိပေါ်နဲ့ ဘရွတ်ကလင်း မိဘမဲ့ဂေဟာမှာ စတွေ့ခဲ့တယ်။ 

Dear Brooklyn [Completed]Where stories live. Discover now