အိမ်ပြန်အရောက်မှာ ဖျားတော့တာပါပဲ။ ဒီကောင်က အသည်းကွဲတာနဲ့ ဓာတ်မတည့်ဘူးထင်တယ်။ တစ်ညလုံး ဒိုင်ယာရီထိုင်ရေးတယ်။ အဖျားတွေက တရိပ်ရိပ်တက်လာတယ်။ နစ်(ခ်)က မိုးမွှန်အောင် ထိုင်ဆဲတယ်။ ကျွန်တော်ကတော့ အကို့ရဲ့ မှဲ့နက်လေးကို သတိရလွမ်းဆွတ်စွာနဲ့...။
ယေရှုအားကိုးနဲ့ ခြေတစ်လှမ်းထပ်တိုးတယ်။ ရှိသမျှ သတ္တိအကုန်ထုတ်လို့ တစ်မနက်မှာ အကိုနဲ့ ရင်ဆိုင်လိုက်တယ်။ အခြေအနေမဟန်ရင် ယေရှုကယ်တင်ပါပေါ့။ တကယ်တမ်းကျ ကယ်တင်မယ့်သူ မရှိခဲ့။
စကားတစ်ခွန်းက ချေမှုန်းတယ်။
'ငါ့မှာ ချစ်ရမယ့်သူ ရှိတယ်' တဲ့။
"ကျွန်တော်..."
ယောင်ယမ်းပြီး ထွက်သွားတဲ့ စကားလုံးနောက်မှာ ဆက်ဖို့ စကားလုံးတို့ ပျောက်ဆုံးသွား။
နှလုံးသားက နာကြည်းစွာ မြည်သံစွဲအော်မြည်ပြီး အကို့မျက်လုံးကို ကယောင်ကတမ်းနဲ့ ငေးကြည့်မိတော့ သနားရိပ်တွေ တွေ့ရတယ်။
မလိုချင်ပါဘူး။ သနားဂရုဏာသက်မှုတွေ ဘယ်တုန်းကမှ မတောင့်တခဲ့ဘူး။ ကျွန်တော်အလိုရှိတာက အကို့ရဲ့ ချစ်ခြင်းမေတ္တာ။
ကဲ ဘာအဓိပ္ပာယ်ရှိသလဲ။
နှလုံးသားဆိုတာ အမေမွေးတုန်းက ပါလာလို့သာ။ အခုဆို အသုံးမဝင်တော့ဘူး။ တစ်ချက်တစ်ချက် စူးကနဲ ထိုးအောင့်လာတဲ့ နှလုံးသားက အကို ကျွန်တော့ကို ပြန်ချစ်ပါ ဆိုပြီး အော်ငိုနေတယ်။
ကျွန်တော့ကမ္ဘာဟာ ခများကို ဗဟိုပြုပြီး လည်ပတ်တာပါ ရှောင်းကျန့်ရေ။
ဝေးကွာနေတာကိုမှ လက်လှမ်းဖို့ ကြံရွယ်မိတဲ့ ဒီကလေကချေကို အကို ခွင့်လွှတ်ပါ။ ဒါမှမဟုတ် ခွင့်ပြုပေးပါ။ စေ့ထားတဲ့ တံခါးကိုမှ အကိုက ခြေလှမ်းဝင်မရအောင် ပြန်ပိတ်တယ်။ တံခါးဖွင့်ပေးဖို့တော့ မတောင်းဆိုတော့ပါဘူး။ ကျွန်တော်နားလည်ပါတယ်။
ဒီကောင်လက်နက်ချရမယ်တဲ့။ အကို့စိတ်တိုင်းကျပါပဲ။
...
ŞİMDİ OKUDUĞUN
Dear Brooklyn [Completed]
Hayran Kurguဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။ ဒိုင်ယာရီလေးဟာ ကောက်ရမိကတည်းက တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တစ်ချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။ ဖော်ပြပါအကြောင်းအရာတွေဟာ ဒိုင်ယာရီထ...