နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။
ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။
ဒိုင်ယာရီလေးဟာ ကောက်ရမိကတည်းက တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တစ်ချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။
ဖော်ပြပါအကြောင်းအရာတွေဟာ ဒိုင်ယာရီထဲက ဖတ်လို့ရသေးတဲ့ စာတွေပါပဲ။
ဒိုင်ယာရီပါ အကြောင်းအရာအရ ရှောင်းကျန့်ဟာ အစကတည်းကနေ ရိပေါ် သေသွားတဲ့အချိန်အထိ ရိပေါ်ကို မချစ်ခဲ့ပါဘူး။ ရိပေါ်နားလည်ထားတာက ရှောင်းကျန့်မှာ ချစ်တဲ့သူ ရှိတယ်၊ လက်ထပ်ရမယ့်သူ ရှိတယ်၊။ အဲဒီအတွက် သူဟာ နောက်ဆုတ်ပေးရမယ်လို့ပဲ သတ်မှတ်ထားတာပါ။
ရိပေါ်ဟာ ရှောင်းကျန့်ကို ချစ်ပါတယ်။ မထိရက် မကိုင်ရက်လောက်အောင်၊ ၂ယောက်တည်းအတူရှိနေချိန်မှာ အခွင့်အရေးမယူရက်လောက်တဲ့အထိကို မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ခဲ့တာပါ။
ပြီးတော့ ရိပေါ်ရဲ့ လက်ဖျံရိုးက ဆေးထိုးအပ်ရာတွေဆိုတာ တခြားမဟုတ်၊ မူးယစ်ဆေးသုံးထားတာပါ။ သူက သူ့ကိုယ်သူ ကလေချေတစ်ယောက်လို့ သတ်မှတ်ထားပြီး ရှောင်းကျန့်ကို ပိုင်ဆိုင်ဖို့မထိုက်တန်တဲ့သူလို့လည်း သတ်မှတ်ထားပါသေးတယ်။
ဒိုင်ယာရီအရ ရိပေါ်ဟာ လူမှန်းသိတတ်စကတည်းက မေတ္တာကို မရခဲ့ဖူးပါဘူး။ ဒါကြောင့် ရှောင်းကျန့်ကို သူ တန်ဖိုးထားပါတယ်။ ရှောင်းကျန့်သာမရှိရင် သူ ရူးရင်ရူး၊ မရူးခင် သေသွားနိုင်ပါတယ်။ ဒီမတိုင်ခင်မှာ အကြီးအကျယ် နာကျင်ရရင်းနဲ့ပေါ့လေ။ နှလုံးပေးလိုက်တယ်ဆိုတာက သူ့ကိုယ်သူ နာကျင်ရသက်သာမယ့် လမ်းကို ရွေးသွားတာပါ။
ကလေကချေကောင်လေးတစ်ယောက်ဟာ လင်ကွန်းအကြောင်း၊ ဗာဂျီနီးယားဝုဖ်အကြောင်း၊ နေမဝင်အင်ပါယာအကြောင်း၊ နပိုလီယံအကြောင်း၊ တဂိုးအကြောင်းကို ဆွေးနွေးတယ်ဆိုတဲ့ အပိုင်းကို ထည့်ရခြင်းဟာ ရိပေါ်က စာတော်ပေမဲ့လည်း ပတ်ဝန်းကျင်အခြေအနေကြောင့် ကျောင်းဆက်မတက်ရဘဲ လမ်းမှားရောက်သွားရတဲ့ သူ့ရဲ့ ဘဝကို ရည်ညွှန်းပါတယ်။
ဒါကြောင့်မို့ ရိပေါ်ဟာ မိဘမဲ့ဂေဟာက ဒါမှမဟုတ် broken family က လာတယ်လို့ ကိုယ်ကြိုက်နှစ်သက်ရာ တွေးလို့ရပါတယ်။
ဒီအကြောင်းအရာတွေဟာ ဒိုင်ယာရီလေး သက်သက်သာမို့လို့ ဒိုင်ယာရီလေးကိုပဲ ဖတ်ပြီးဇာတ်ကောင်ရဲ့ ပြင်ပအကြောင်းအရာတွေကို မသိရပါဘူး။
နစ်(ခ်)တောင်မှ သူရေးပုံအရ သူ့ရဲ့ တစ်ယောက်တည်းသော အုပ်ထိန်းသူသူငယ်ချင်း ဖြစ်မယ်လို့ပဲ ခန့်မှန်းရတာပါ။
အချိန်တစ်ခုပေးပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအထူးပါ။
ŞİMDİ OKUDUĞUN
Dear Brooklyn [Completed]
Hayran Kurguဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။ ဒိုင်ယာရီလေးဟာ ကောက်ရမိကတည်းက တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တစ်ချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။ ဖော်ပြပါအကြောင်းအရာတွေဟာ ဒိုင်ယာရီထ...