Yibo's Diary - Part 1

15.1K 758 4
                                    

ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။ ‌‌

ဒိုင်ယာရီလေးဟာ ကောက်ရမိကတည်းက တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တစ်ချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။
ဖော်ပြပါအကြောင်းအရာတွေဟာ ဒိုင်ယာရီထဲက ဖတ်လို့ရ‌သေးတဲ့ စာတွေပါပဲ။

xxx


Yibo's Diary

ပုံမှန်ဆို ပျားပန်းခတ်တမျှ ရှုပ်ထွေးနေတတ်တဲ့ ဘရွတ်ကလင်းရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နှလုံးသားရဲ့ ဘူမိနက်သန်ကို စတင်တွေ့ရှိခဲ့တယ်။ လုံးဝန်းတာက ကမ္ဘာကြီးရဲ့ သင်္ကေတဆိုရင် စည်ကားတာက ဘရွတ်ကလင်းရဲ့ အမှတ်သညာဖြစ်လိမ့်မပေါ့။ ဒါပေမဲ့ အဲ့နေ့က ဘေးပတ်ဝန်းကျင်မှာ လူမရှိခဲ့ဘူး။

ကျွန်တော်ရယ်၊ ကျွန်တော့ရဲ့ ပိုးဟပ်ဖြူလေးရယ်...။

အဲ့နေ့က နစ်(ခ်) နဲ့ ချိန်းထားတဲ့နေ့။ ဒါပေမဲ့ အချိန်ပိုဆင်းရတယ်ဆိုတဲ့ နစ်(ခ်)ကြောင့် ချိန်းဆိုမှုပျက်သွားတဲ့ ကျွန်တော်ဟာ စီးကရက်လေး လက်မှာခဲလို့ တောင်တောင်အီအီနဲ့ ခြေဦးတည့်ရာ လျှောက်နေတယ်။

လမ်းအချိုးတစ်ကွေ့ကနေ ရောက်လာတယ်။

လက်ကိုင်က ငြိမ်မနေဘဲ ကလင်ကလင်နဲ့ အော်မြည်နေတဲ့ စက်ဘီးတစ်စီးပေါ်မှာ။

နီပြာရောင်တွေ၊ ဆေးဆိုးပန်းရိုက်မရှိဘဲ ပကတိရှင်းလင်းပြီး ကြည်လင်နေတဲ့ မျက်နှာ၊ အပြုံးမရှိ။ စက်ဘီးလေး မှောက်လဲသွားမှာစိုးလို့တော့ ကြောင့်ကြနေခဲ့တယ်။

မြင်ရတဲ့အတိုင်းပါပဲ။

ဂျင်းဘောင်းဘီ နက်ပြာမှာ၊ အင်္ကျီအဖြူကို လက်တကောက်ကွေးနားထိ ဆွဲတင်ထားတယ်။ နှုတ်ခမ်းအောက်က အနက်ရောင် မှဲ့သေးသေးလေးက အထင်းသား၊ ရိုးရှင်းတဲ့ အလှတစ်ခုကို ဖော်ညွှန်းနေတယ်။ သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

ကျွန်တော်ဟာ ဆံပင်ရှည်တယ်၊ အရပ်ရှည်တယ်၊ အင်္ကျီလက်ရှည်ပဲ ဝတ်တယ်၊ ကျွန်တော် အကြာကြီး ရပ်စဉ်းစားနေမိတယ်။ အေဗရာဟင်လင်ကွန်းကို တိုင်တည်လို့ ကျိန်ဆိုပါတယ်။ ကျွန်တော်ဟာ ပိုးဟပ်ဖြူလေးကို မြင်မြင်ချင်းပဲ ချစ်ကျွမ်းဝင်မိတယ်။

ကျွန်တော်ကတော့ ဒါကို နစ်ခ်ရေးပေးတဲ့ ဖူးစာဆိုပြီး အလွယ်တကူပဲ ခေါင်းစဉ်တပ်လိုက်တယ်။

xxx


AN// အောင်ချိမ့်ရဲ့ ကဗျာကို ဖတ်မိပြီး စိတ်ကူးတည့်ရာ ထွက်လာတဲ့ fic လေးပါ. All credit to အောင်ချိမ့်ပါ.



Dear Brooklyn [Completed]Tempat cerita menjadi hidup. Temukan sekarang