"ကဲ နောက်အလှည့်ကမင်းအလှည့်ပဲ Kyungsoo!"
Kris တစ်ယောက်တတိယအထပ်ကခန်းမများဆီဆင်းသွားရင်းပြောလိုက်သည် တတိယအထပ်ဆိုတော့ ခုနက Baekhyun အခန်း၏အပေါ်ထက်ပင် Kyungsoo Lay နှင့် Luhan တို့ကတော့ Kris နောက်မှလိုက်လာကြသည်
Kyungsoo: "ကျွန်တော်အခန်းကဘယ်မှာလဲ Hyung?"
Kris: "မင်းရောက်ရင်သိမှာပေါ့ကွာ"
Lay: "ဘာဖြစ်ပြန်ပြီလဲ Luhan?"
Lay သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သည် ဒါလွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်းလေးကြိမ်မြောက်ရပ်တန့်ခြင်းဖြစ်သည် Kyungsoo နှင့် Kris တို့ကလည်းခန်းမကြီးအားရပ်၍ငေးကြည့်နေသော Luhan အားလှည့်ကြည့်လိုက်သည်
Kyungsoo: "Hyung ဘာလဲ ခြေလှမ်း ၁၀ လှမ်းလှမ်းပြီးတိုင်းတစ်ခါရပ်ဖို့စဉ်းစားထားလို့လား"
သူတို့အားလုံး Baekhyun ကိုသမိုင်းစာသင်ခန်းထဲမှာထားခဲ့တာ ၃ မိနစ်လောက်ပဲရှိပါဦးမယ် သူတို့စာသင်ခန်းရှေ့ကထွက်ခွာပြီးသည့်တိုင်အောင် Baekhyun မျက်နှာကကြောက်လန့်နေတုန်းပဲဆိုတာသူတို့သိပါတယ် Luhan တစ်ယောက်လည်းလွန်ခဲ့တဲ့ ၃ မိနစ်လုံးလုံး Baekhyun ကိုစိတ်ပူနေတာကတော့အမှန်ပင်
Luhan: "ငါ Baekhyun အတွက်စိတ်ပူလာပြီ"
Kris: "သူအဆင်ပြေပါတယ် မင်းဘာကိုမှစိတ်ပူမနေနဲ့တော့ ဟုတ်ပြီလား"
Luhan: "မင်းဟာကသေချာလို့လား Kris?သူတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ?"
Lay တစ်ယောက် Luhan ပခုံးကိုသိုင်းဖက်လိုက်သည်
"အခုမှသူဝင်သွားတာခဏပဲရှိပါသေးတယ် သူဘာဖြစ်နိုင်မှာမို့လို့လဲ"
××××××××××××××××××××××
Baekhyun တစ်ယောက်သူ့မျက်စိရှေ့မှာဖြစ်ပျက်နေသောအရာအားလုံးကိုမျက်တောင်တစ်ချက်မခတ်ပဲစိုက်ကြည့်နေမိသည် ဒါသူကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကလိုပါပဲ အရာအားလုံးက slow motion နဲ့ပြုတ်ကျလာနေတယ် အခုသူ့နားထဲကြားနေရတာကသူ့ရဲ့နှလုံးခုန်သံကိုပါပဲ သူအော်ဟစ်လိုက်ချင်ပေမယ့်လည်ချောင်းထဲမှာတစ်ခုခုနင်နေသလို သူ့မသိစိတ်ကဒီနေရာကနေထွက်ပြေးခိုင်းနေပေမယ့်လို့သူ့ခြေထောက်တွေကတစ်စက်ကလေးမှမရွေ့
YOU ARE READING
Relationships With Juniors
FanfictionPermission for Krissypandafan to translate given by loonershi. All credits to the owner.