"ကျွန်တော်နှောင့်ယှက်သလိုများဖြစ်သွားသလားဗျာ?"
"ရပါတယ်"
Kris တစ်ယောက် Kai အားလှမ်းကြည့်လိုက်ပြီးနောက်အခန်းရှေ့ကစားပွဲဆီလျှောက်သွားလေသည်
"မင်းရောက်လာတာအချိန်ကောင်းပဲ"
"ဟုတ်တယ်ဟေ့ နို့မို့ဆိုဥက္ကဌကြီးနဲ့သတ်ပွဲတွေဖြစ်တော့မှာ"
"ကဲ တိတ်တိတ်နေစမ်းပါ Kim Jongin ရာ"
Kris ပထမနှစ်ကျောင်းသားအားလှမ်းဆူပူလိုက်ပြီးနောက်အခန်းဝတွင်ရပ်နေသောဆံပင်အနက်ရောင်နှင့်ဒုတိယနှစ်ကျောင်းသားအားလှမ်းကြည့်လိုက်သည်
"ဝင်လာခဲ့လေ"
Kyungsoo တစ်ယောက် Kris စကားကြောင့်အခန်းထဲဝင်လာခဲ့သည် ထို့နောက်သူ့နောက်ကအခန်းတံခါးအားအသာပြန်ပိတ်လိုက်သည်
"ရောက်လာပေးလို့ကျေးဇူးတင်ပါတယ် ခေါ်သာခေါ်လိုက်ရတယ်မင်းကိစ္စအတွက်အနှောင့်အယှက်များဖြစ်သွားသလား?"
"ရပါတယ် Hyung"
Kris ထိုင်နေသောစားပွဲနားသို့ Kyungsoo ချဉ်းကပ်သွားသည်
"မင်းကြည့်ရတာပင်ပန်းနေပုံပဲ"
Kris သူ့အနားကပ်လာသော Kyungsoo ကိုသေချာကြည့်လိုက်သည် Kyungsoo တစ်ယောက်မျက်ကွင်းတွေညိုနေသည်ကိုသူသတိထားမိသွားသည်
"ညကအိပ်ရေးပျက်သွားလို့ပါ Hyung"
Kyungsoo သူ့လက်တစ်ဖက်ကသူ့မျက်လုံးသူပွတ်ရင်း ကျန်လက်တစ်ဖက်ကသန်းနေသောသူ့ပါးစပ်ကိုပိတ်ထားလိုက်သည်
"ကျွန်တော်အဆင်ပြေပါတယ်"
"အင်းလေ မင်းအဆင်ပြေရင်ပြီးရော"
Kris မျက်နှာအမူအရာက Kyungsoo ကိုစိတ်ပူနေသေးပုံပေါ်သော်လည်း Kyungsoo စကားကြောင့်ဘာမှထပ်မမေးတော့ချေ ထို့နောက်သူပထမနှစ်ကျောင်းသားထံသို့သူ့အကြည့်ကိုပြန်လှည့်လိုက်သည်
"ကဲ Kyungsoo မင်းကိုမိတ်ဆက်ပေးစရာရှိလို့ ဒါကတော့ Ahn Junior High School ကအလိုရှိဆုံးတစ်ယောက်ပဲ အဲစိတ်မကောင်းစွာနဲ့ပဲသူကမင်းနဲ့တွဲရမယ့်လူပဲ"
YOU ARE READING
Relationships With Juniors
FanfictionPermission for Krissypandafan to translate given by loonershi. All credits to the owner.