- C h a r a c t e r s -
#Ahn Junior High, 2nd Years
-Luhan
-Zhang Yixing a.k.a Lay
-Byun Baekhyun
-Do Kyungsoo
#Ahn Junior High, 3rd Years
-Wufan a.k.a Kris
-Kim Junmyeon a.k.a Suho
-Kim Jongdae a.k.a Chen
-Kim Minseok a.k.a Xiumin
#Ahn Junior High, 1st Years
-Oh Sehun
-Kim Jongin a.k.a Kai
-Park Chanyeol
-Huang Zi Tao
~~Foreword~~
"ဘာလို့ဒီလောက်တောင်လူတွေဆူညံနေတာလဲ"
Lay တစ်ယောက်ကျောင်းပေါက်ဝတွင်တိုးဝှေ့နေသောလူအုပ်ကြီးကြားထဲ Luhan လက်ကိုဆွဲရင်းမေးလိုက်သည်
ွ"မသိပါဘူးကွာ"
Baekhyun တစ်ယောက်ဆူညံသံတွေကြားသူအဖြေကို Lay ကြားအောင်လိပ်ခေါင်းထွက်မတတ်အော်ပြောလိုက်ရသည်
Luhan တစ်ယောက်ကတော့လူအုပ်ကြီးကြားထဲတိုးဝှေ့ရင်းနားပါပိတ်ထားရသည် အခုတောင်ဆူညံလွန်းလို့ခေါင်းတွေရော နားတွေပါကိုက်လာသည်
"ဟေး ဟိုမှာကြည့်ကြစမ်း"
Kyungsoo တစ်ယောက်ကျောင်းပေါက်ဝကိုညွှန်ပြလိုက်သည် သူတို့အားလုံးကြည့်လိုက်တော့ခန်းမထဲဦးတည်ပြီးလျှောက်လာနေသည့် ပုံသဏ္ဌာန်လေးခု...သူတို့နောက်ကပါလာသည့်ကျောင်းသူအုပ်ကြီး
"သူတို့ကဘယ်သူတွေလဲ"
"Omona! Oppa တို့သူတို့ကိုမသိဘူးလား"
သူတို့ဘေးတွင်ရပ်နေသောကောင်မလေး သူလည်းပဲသူအနားသို့ခုနကလူလေးယောက်ဝင်လာသည်ကိုမျက်လုံးအပြူးသားဖြင့်စိုက်ကြည့်နေသည်
"Oppa တို့ သူတို့အကြောင်းမကြားဖူးဘူးလား သူတို့ကနောက်ဆို Ahn Junior High School ရဲ့မင်းသားလေးတွေဖြစ်လာတော့မှာ"
"ပေါတောတောနဲ့"
Lay တစ်ယောက်ထိုကောင်မလေးအားစိတ်ပျက်သောအကြည့်ဖြင့်ကြည့်လိုက်သည်
"သူတို့က Royal Council ရဲ့အနာဂတ်နေရောင်ခြည်လေးတွေပေါ့! Oppa တို့ Royal Council ကိုလည်းမသိဘူးလို့လာမပြောနဲ့နော်"
"အော်..."
Baekhyun တစ်ယောက်ဖြင့်စိတ်မဝင်စားသောအသံဖြင့်ပြောသည်
"ခဏလေး...သူတို့လေးယောက်က junior တွေမဟုတ်လား?"
Luhan မေးသံကြောင့် ထိုကောင်မလေးကခေါင်းငြိမ့်ပြသည် Luhan တစ်ယောက်ကောင်မလေးအဖြေကြောင့်မျက်လုံးပြူးသွားသည်
"ဘာဖြစ်လို့လဲ Luhan"
Lay တစ်ယောက် Luhan ပခုံးကိုဖွဖွလေးကိုင်လှုပ်ရင်းမေးလိုက်သည် Kyungsoo နဲ့ Baekhyun တို့ကလည်း Luhan ကိုစိတ်ဝင်တစားကြည့်နေသည်
"ငါ...ငါ Royal Council မှာ နောက်ထပ်လူသစ်တွေထပ်ခေါ်ဦးမယ်လို့ဘယ်တုန်းကမှမသိခဲ့ဘူး"
ဖုန်းမြည်သံကြောင့် Kyungsoo တစ်ယောက်သူ့ရဲ့ဘယ်ဘက်အိတ်ကပ်ထဲမှ cellphone ကိုထုတ်ယူလိုက်သည်
"Annyeong haseo Kyungsoo ပြောနေပါတယ်"
"မင်းနဲ့အတူဟိုသုံးယောက်ကိုပါခေါ်ပြီး အခုချက်ချင်း Student Council ရုံးခန်းကိုလာခဲ့"
"Kris hyung ဘာဖြစ်..."
"5 minutes အတွင်းရောက်အောင်လာခဲ့, Kyungsoo."
ပြောပြီးဖုန်းချသွားသည်
ESTÁS LEYENDO
Relationships With Juniors
FanficPermission for Krissypandafan to translate given by loonershi. All credits to the owner.