ပါးလျလှစွာသောအခိုးငွေ့များကတရုတ်လက်ဖက်ရည်ကြမ်းအားလှပစွာသောကြွေခွက်လေးများထဲသို့ထည့်စဉ်အလုအယက်ထွက်ပေါ်လာကြသည် Lavender လက်ဖက်ရည်၏သင်းပျံ့မှုက Student Council ရုံးခန်းတစ်ခန်းလုံးပျံ့နှံ့သွားသည်
Student Council ရဲ့ရတနာလေးဖြစ်တဲ့ Chen တစ်ယောက်ရေနွေးကရားအိုးအားသေချာနေရာတကျပြန်ချထားပြီးနောက်လက်ဖက်ရည်အပြည့်ရှိသောလက်ဖက်ရည်ပန်းကန်လုံးများအားဟန်ချက်ညီအောက်မကာဆံပင်အဖြူရောင်ဆိုးထားသည့်ကောင်လေးထိုင်နေသည့်ဆိုဖာဆီသို့ဖြည်းညင်းစွာလျှောက်လာလေသည်
"ဒီမှာ"
ထိုကောင်လေးရှေ့ကစားပွဲပေါ်သို့လက်ဖက်ရည်ပန်းကန်လုံးများကိုဖြည်းညင်းစွာချလိုက်သည်
"လက်ဖက်ရည်သောက်ပါဦး"
ထိုကောင်လေးကမူ Chen အားခပ်ထန်ထန်သာမော့ကြည့်သည်
"မင်းလိုချင်တာကိုပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်ငါတို့အားလုံးအတွက်အဆင်ပြေမှာပါ Zitao"
Chen အတတ်နိုင်ဆုံးပြုံးပြလိုက်သည်
"ခုနကဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက်စိတ်ဆိုးနေမယ်ဆိုရင်တော့တကယ်ကိုတောင်းပန်ပါတယ်"
Tao အကြည့်တွေကပိုမိုပြင်းထန်လာသည် ထို့နောက်တရုတ်သံပီပီသသဖြင့်သူပြောလိုက်သည်က "Wǒ xiǎng, yǐ mǎnzú nín de duìzhǎng."
ဒါသူ့အား B.A.P agent Bang Yongguk ဒီအခန်းထဲကိုခေါ်လာပြီးကတည်းကထိုဝါကျကိုသူစတုတ္ထအကြိမ်ပြောခြင်းဖြစ်သည်
Chen သက်ပြင်းချလိုက်သည်
"ဒီစကားကိုထပ်ခါထပ်ခါပြောနေလို့လည်းအသုံးမဝင်ပါဘူး ငါတရုတ်စကားနားလည်တယ်ဆိုတာအကန့်အသတ်ရှိတယ်"
"ကျွန်တော်သူ့ကိုတခြားစကားပြောအောင်လုပ်ဖို့လိုအပ်လား?"
ထိုအခန်းတွင် တတိယနှစ်ကျောင်းသားသုံးယေက်နှင့် Tao တို့ အပြင်ရှိနေသော Yongguk က Chen အားမေးလိုက်သည်
"မလိုပါဘူး ရပါတယ်"
Chen Yongguk ဘက်ကိုစကားလှည့်ပြောပြီးနောက် Tao ထိုင်နေသောဆိုဖာပေါ်တွင်သတိကြီးစွာထား၍ဝင်ထိုင်လိုက်သည်
YOU ARE READING
Relationships With Juniors
FanfictionPermission for Krissypandafan to translate given by loonershi. All credits to the owner.