Mentors (Part - 1)

1.9K 193 8
                                    

Chanyeol တစ်ယောက်သက်ပြင်းအရှည်ကြီးချကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံပေါ်သို့ခေါင်းကိုနောက်ပြန်ပစ်မှီလိုက်သည် သူ့အုပ်ချုပ်သူက သူ့အားနားပူနားဆာလုပ်နေသည်ကိုသူဒီထက်ပို၍မခံစားနိုင်တော့ပေ ယခုအချိန်တွင်သူဆုတောင်းနေမိသည်က ကြံ့တစ်ကောင်ဖြစ်ဖြစ် မိုးပေါ်မှ ပြုတ်ကျလာရန်ဖြစ်သည်  သူတို့အခန်းပေါ်ပြုတ်ကျလာလျှင် သူယခုခံစားနေရသောဒုက္ခများလွတ်မြောက်မည်ဖြစ်သည် သူ၏အူကြောင်ကြောင်နိုင်လှသောအတွေးကိုသူ့ဖာသာပြန်တွေးရင်းသဘောကျစွာရယ်လိုက်သည်

"Park Chanyeol!"

ကျယ်လောင်လှသောအော်သံကြောင့် သူ့ခေါင်းကိုထိုင်ခုံနောက်မှီမှခွာကာမတ်မတ်ထိုင်လိုက်သည်

"ဘာတုန်းဗျာ"
သူစိတ်မပါလက်မပါပြန်ဖြေလိုက်သည် ထိုလူကြီးပွားနေသည်ကို သူနားထောင်နေရသည်မှာ ၁၀မိနစ်လောက်ရှိပြီဖြစ်သည်

"ဒီကောင်တော့ ငါပြောတာကိုရောနားထောင်နေရဲ့လား"

"အန် နိုး..." ဒုတိယနှစ်ကျောင်းသားက သူ့ထံမျက်နှာသုတ်ပဝါလှမ်းပစ်လိုက်သောအခါတွင်ကာ Chanyeol ထံမှ ကြင်ကြင်နာနာ အဖြေထွက်ပေါ်လာသည်

"တကယ်ကို မယုံနိုင်အောင်ပဲ" Baekhyun စိတ်ပျက်စွာကြည့်ရင်းပြောလိုက်သည်

Chanyeol ကတော့ သူ့မျက်နှာအားပစ်ပေါက်လိုက်သောမျက်နှာသုတ်ပဝါကို ပေါင်ပေါ်တင်လိုက်သည် ထို့နောက် ပြုံးကာ "မယုံနိုင်လောက်အောင် ကျွန်တော်ကအံ့ဩဖို့ကောင်းနေလို့လား"

Baekhyun သူ့အားဂျစ်ကန်ကန်ကြည့်နေသော ပထမနှစ်ကျောင်းသားထိုင်နေရာသို့လျှောက်သွားပြီး သူ့ပေါင်ပေါ်ကမျက်နှာသုတ်ပဝါအား လှမ်းဆောင့်ဆွဲလိုက်လေသည်

"အဲ့ဒါ ကျွန်တော့်ဟာမဟုတ်ဘူးလား"

"ငါ့ဟာကွ Chan-ငတုံး-yeol ရဲ့ မင်းဟာက စားပွဲဘေးမှာ"

"ဟုတ်ပါပြီဗျာ ဦးလူပုစိတ်တိုရယ်"

"ဘာကွ ငါကလူပုစိတ်တို မဟုတ်ဘူး"

ဒီတစ်ကြိမ်တွင်တော့ Chanyeol နဖူးဆီသို့ ခဲဖျက်တစ်တုံးကအလျင်အမြန်ရောက်ရှိလာသည် ထိုအခါတွင်မှ Chanyeol အလန့်တကြားဖြင့် "မဟုတ်လည်းပြီးတာပါပဲဗျာ"
သူခမျာ နဖူးပေါ်မှအနီကွက်အားလက်ဖြင့်ပွတ်သတ်နေရသည် "အဲ့ဒါကြီးက နာတယ်ဗျ"

Relationships With JuniorsDonde viven las historias. Descúbrelo ahora